တစ်ခါမှ မမြင်တွေ့ဖူးတဲ့ ဆံပင်အနက်ရောင်နဲ့ ပရိတ်သတ်ရှေ့ထွက်ပေါ်လာတဲ့ Lisa
10 Jul 2019 1,675 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ Blackpink မှ တစ်ဦးတည်းသော ထိုင်းလူမျိုး အဖွဲ့ဝင် Lisa ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မှ ဘန်ကောက်သို့ အလုပ်ကိစ္စနဲ့ ထွက်ခွာလာခဲ့ပါတယ်။ Blackpink နာမည်ကြီးလာတာနဲ့အမျှ အာရှနိုင်ငံတွေမှာ Blackpink အဖွဲ့ဝင်တွေရဲ့ ဖက်ရှင်စတိုင်တွေကလဲ လူငယ်တွေအကြား လွှမ်းမိုးလို့လာပါတယ်။ Blackpink အဖွဲ့မှာ Lisa ဟာဆိုရင် ပုံမှန်အားဖြင့် ဆံပင်အရောင်အဆန်းတွေ မျိုးစုံထားလေ့ရှိတဲ့ idol အဆိုတော် တစ်ဦးပဲဖြစ်ပါတယ်။ သို့ပေမဲ့ Lisa လတ်တလော ဆိုးလ်မှဘန်ကောက်ကို သွားတဲ့ ပုံရိပ်တွေအရ Lisa ဟာ ဆံပင်အနက်ရောင်ကို ဆိုးထားခဲ့တာပါ။ Lisa တစ်ယောက် ဆံပင်အနက်ရောင်နဲ့ ဘယ်လောက်ထိ လိုက်ဖက်မှုရှိတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ<<
Lisa လေးကို ပရိတ်သတ်များက အမြဲတစေ တမူထူးခြားတဲ့ ဆံပင်အရောင်တွေနဲ့သာ မြင်တွေ့ခဲ့တာကြောင့် သူမက ပရိတ်သတ်တွေအတွက် ဖက်ရှင်အသစ်အဆန်းတွေ ပြချင်ပုံပါပဲ။
ဆံပင်အရောင် မျိုးစုံနဲ့ အမြဲလိုလိုလန်းနေခဲ့တဲ့ Lisa ဟာ ဆံပင်အနက်ရောင်ဆိုးကာ ရိုးရိုးရှင်းရှင်းပုံစံလေးနဲ့ ပရိတ်သတ်ရှေ့ ထွက်ပေါ်လာပါတယ်။ အမြဲလန်းနေတဲ့ ဖက်ရှင်တွေထဲက ကွဲထွက်ပြီး ရိုးရှင်းစွာထွက်ပေါ်လာတဲ့ Lisa ရဲ့ ပုံရိပ်လေးတွေဟာ ချစ်ဖို့ကောင်းနေတော့တာပါပဲ။
Source- twitter
(ပိုပိုလေး)