နောက်ဆို စကားတွေကိုအားရပါးရပြောနိုင်တော့မယ်ဆိုတဲ့ နေမင်း
09 Jul 2019 2,110 Views
သရုပ်ဆောင်နေမင်းဟာဆိုရင် အနုပညာလောကထဲမှာ ရှင်သန်ရပ်တည်နေတာ နှစ်အတော်ကြာပြီဖြစ်ပြီး အားပေးဝန်းရံကြတဲ့ ပရိသတ်အခိုင်အမာကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သို့ပေမယ့်လည်း နေမင်းကတော့ အသံပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် အမြဲဝေဖန်မှုတွေမကင်းတဲ့သူပါ။ သူ့ရဲ့ထူးခြားတဲ့စကားပြောဟန် တိုးညှင်းတဲ့အသံပုံစံတို့က ပရိသတ်တိုင်းရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး တစ်ချို့သူတွေကဟာသအနေဖြင့် စကြ၊ နောက်ကြ၊ Troll လုပ်ကြပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
ပရိသတ်နဲ့ပတ်သက်ရင် ဝေဖန်မှုတွေကိုအမြဲလက်ခံပြီး မေတ္တာအပြည့်အ၀ထားတဲ့ နေမင်းကတော့ သူ့ကို စနောက် Troll လုပ်ကြခြင်းကို ဗွေမယူစိတ်မဆိုးပဲ လက်ခံနားလည်ပေးတတ်သူဖြစ်ပါတယ်။ ဒါ့ကြောင့်ပင် ပရိသတ်တွေကနေမင်းကို ပိုပိုပြီးချစ်ခင်အားပေးလာတာဖြစ်ပါတယ်။
မျက်နှာလေးထောင့်ကျကျ ယောကျာ်းပီသတဲ့မျက်နှာပုံစံကို ပိုင်ဆိုင်ထားတဲ့နေမင်းကတော့ မကြာသေးခင်က မေးရိုးခွဲစိတ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒ့ါအပြင် အသံပိုင်းနဲ့ပတ်သက်ရင်အမြဲဝေဖန်ခံနေရတာကြောင့် အသံအိုးကိုလည်း ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။ နေမင်းရဲ့ခွဲစိတ်မှုက ပရိသတ်တွေကြားထဲ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး မေးရိုးကျကျပုံစံနဲ့အမြဲမြင်တွေ့နေရတဲ့ နေမင်းကို V-shape ပုံစံမျက်နှာနဲ့ ဘယ်လိုတွေချောမောလှပလာမလဲဆိုတာ အားလုံးကသိချင်နေခဲ့ကြသလို နေမင်းရဲ့အသံကလည်း နဂိုထက်ပိုမိုကျယ်လောင်လာမလားဆိုတာကို အားလုံးကစိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာပါ။
နေမင်းက ပြီးခဲ့တဲ့ရက်ပိုင်းကပင် ခွဲစိတ်ပြုပြင်ပြီးနောက်ပြောင်းလဲသွားတဲ့ သူ့ရဲ့ရုပ်ရည်ကိုပြသခဲ့ပြီး အသံပိုင်းမှာလည်း နောက်ဆိုရင်စကားတွေကိုအားရပါးရပြောနိုင်တော့မယ်လို့ ဆိုလာပါတယ်။ အရင်ကစိုးရိမ်စိတ်နဲ့ အရာရာကိုသတိထားပြီးနေခဲ့ရသမျှ ခွဲစိတ်ပြီးနောက် ပူပင်သောကပျောက်ပြီး စိတ်လွတ်ကိုယ်လွတ်နေနိုင်ပြီဆိုတဲ့အကြောင်းကို “မျက်နှာကတော့ သိပ်မပြောင်းဘူး၊ ဒီအတိုင်းပဲလို့ထင်တာပဲ။ အရင်ကတော့ ပါးရိုးနှစ်ဖက်ကမညီဘူး။ အိုက်တင်လုပ်ရင် မျက်နှာကိုစောင်းရတယ်၊ အိုက်တင်တွေခိုးရတယ် အပြည့်မလုပ်ရဲဘူး။ အခုတော့ အဲ့တစ်ခုကသက်သာသွားပြီ စိတ်လွတ်ကိုယ်လွတ်နဲ့ ကိုယ်ရှိတဲ့စိတ်အတိုင်းကို လုပ်လို့ရပြီ။ အရင်ကဆို အိုက်တင်တွေလုပ်ရင် နည်းနည်းလေးသလိုလို နှေးသလိုလိုဖြစ်တယ်။ ကိုယ့်ရုပ်ဆိုးတဲ့အခါကျတော့ ရုပ်ဆိုးတာပေါ်မှာကြောက်လို့ခိုးရတာနဲ့ အသံကျယ်အောင်၊ ပါးမကိုက်မိအောင်ပြောရတာနဲ့ အဲ့သောကတွေအကုန်လုံးတော့ ပျောက်သွားတာပေါ့” ဆိုကာ ခွဲစိတ်ပြုပြင်မှုရဲ့ရလာဒ်ကို ပြောပြလာပါတယ်။
ဒါ့အပြင် အသံပိုင်းနဲ့ပတ်သက်ပြီး “စကားပြောရင် အံကြိတ်ပြီးပြောတာက ထိန်းပြောရတာ။ ထမင်းမြန်မြန်စားရင်တောင် ပါးကိုကိုက်မိတယ်။ ဘေးက ပါးဆုံ့နှစ်ခုက သွားထဲလာလာဝင်နေတာ။ အကြောမလွတ်တာလားမသိ အဲ့တာကြောင့်ပါ။ ခုတော့ စကားကိုအားရပါးရပြောလို့ရတော့မယ် ထင်တယ်။ အခုတောင် ပြောလို့ကောင်းနေပြီ။ ပါးကအရောင်လျှော့သွားရင်တော့ တော်တော်ပေါ့ပေါ့ပါးပါးဖြစ်သွားမယ် ထင်တယ်” ဆိုသွားပါတယ်။
ပရိသတ်ကြီးရေ… များမကြာခင်မှာပဲ ရုပ်ရှင်တွေထဲမှာ သွက်လက်တဲ့စကားပြောဟန်နဲ့ ကောင်းမွန်ပီသတဲ့ နေမင်းရဲ့အသံကိုကြားရတော့မှာဖြစ်လို့ အဲဒီ့အခါကျရင်လည်း နေမင်းကိုဆက်လက်အားပေးနေပါဦးနော်…
Source_8 day
(ပိုပိုလေး)