NCT 127 ကိုမြင်ရဖို့ မီးလန့်ဥသြကို သွားဆွဲခဲ့ကြတဲ့ လန်ဒန်မြို့မှ ပရိတ်သတ်များ
09 Jul 2019 1,511 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် kpop အဆိုတော်အဖွဲ့ NCT 127 ဟာဆိုရင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ Neo City – The Origin ဖျော်ဖြေပွဲကျင်းပဖို့ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ လန်ဒန်မြို့ရှိ NCT 127 ကိုချစ်ကြတဲ့ ပရိတ်သတ်များဟာ ဖျော်ဖြေပွဲပြီးတာတောင် အဖွဲ့ဝင်တွေကို ထပ်ပြီး မြင်တွေ့ချင်ကြပုံပါပဲ။ NCT 127 တည်းခိုတဲ့ နာမည်ကြီး ဟိုတယ်ကို သွားရောက်ပြီး မီးလန့်အချက်ပေး ဥသြကို သွားဆွဲခဲ့ကြောင်း သိရပါတယ်။ ဟိုတယ်အနေနဲ့ ဒီကိစ္စကို ဘယ်လို ထုတ်ဖော်ပြောကြားလာတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
NCT 127 အဖွဲ့ဝင်တွေ ဖျော်ဖြေပွဲမှ ပြန်လာပြီး ဟိုတယ်ကို ရောက်ရှိပြီး သိပ်မကြာတဲ့အချိန်မှာ မီးလန့် အချက်ပေးသံထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ မီးလန့် အချက်ပေးသံကြောင့် ဟိုတယ်ဝန်ထမ်းများနဲ့ ဧည့်သည်များ ရုတ်ရုတ်သဲသဲဖြစ်သွားကြပြီး နောက်ဆုံးမှာ မီး အမှန်တကယ်မလောင်တာကြောင့် အချက်ပေးခလုတ်ကိုသွားနှိပ်တဲ့ တရားခံကို ရှာဖွေခဲ့ရာ NCT 127 ရဲ့ ပရိတ်သတ်တစ်ဦးဖြစ်နေကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးမှပြောပြလာပါတယ်။
မီးလန့် အချက်ပေးသံ ကြားရတဲ့အချိန် ဟိုတယ်ရှေ့မှာ မင်္ဂလာပွဲတစ်ခု ပြုလုပ်နေခဲ့ပြီး တီးမှုတ်ကခုန်နေတဲ့သူများရှိပါတယ်။ အချက်ပေးသံကြားရပြီးနောက်မှာတော့ သူတို့လဲ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအများ ကားလမ်းမပေါ်မှာရှုတ်ယှက်ခတ်သွားကာ ယာဉ်ကြောပိတ်ဆို့မှုများတောင်ဖြစ်ခဲ့ပါတယ်။
Neo City ကို လာရောက်ကြည့်ရှုတဲ့ ပရိတ်သတ်တွေဟာ ဖျော်ဖြေပွဲကြည့်ရုံနဲ့ မလုံလောက်နိုင်သေးဘဲ NCT127 အဖွဲ့ဝင်တွေကို ထပ်မံမြင်တွေ့ချင်ပုံပါပဲ။ ပရိတ်သတ်များအနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အနုပညာရှင်ကို ချစ်မြတ်နိုးတာမှန်ပေမယ့် အမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ဘဝကိုလဲ တန်ဖိုးထားလေးစားသင့်ပါတယ်။
Source-koreaboo
(ပိုပိုလေး)