တရုတ်လိဂ်ကလပ်အသင်းက မက်မောဖွယ် လစာနဲ့ကမ်းလှမ်းသော်လည်း မော်ရင်ဟို ချက်ချင်းပယ်ချ
09 Jul 2019 1,469 Views

မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ချဲလ်ဆီးအသင်း နည်းပြဟောင် မော်ရင်ဟိုကို တရုတ်ကလပ် ဂေါင်ဇူး အဲဗားဂရန်းဒီ အသင်းက မက်မောဖွယ်လစာ စံချိန်လုပ်ခပေါင် ၈၈ သန်းနဲ့ ကမ်းလှမ်းခဲ့မှုကို မော်ရင်ဟို ကချက်ချင်းပယ်ချခဲ့ကြောင်း သိရပါတယ်။
မော်ရင်ဟိုဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပြီး တချို့ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားသူဖြစ်ပါတယ်။
မော်ရင်ဟိုဟာ မန်ယူအသင်းကို နည်းပြစဉ်က တစ်နှစ်လုပ်ခပေါင် ၁၅ သန်းရရှိခဲ့တာဖြစ်ပြီး ယခု တရုတ်ကလပ်အသင်းက အင်မတန်များပြားလွန်တဲ့ လစာငွေနဲ့ ကမ်းလှမ်းခြင်းခံရပေမယ့်လည်း ပယ်ချခဲ့တာဖြစ်ပါတယ်။
အဆိုပါသတင်းတွေနဲ့ပါတ်သတ်ပြီး “ကျွန်တော့် အဲ့ဒီကလပ်တွေမှာ မလုပ်ချင်ဘူးဆို သေချာပါတယ်။ မိသားစုကလည်း တရုတ်မှာ ပြောင်းရွေ့ နေထိုင်ဖို့ ဆန္ဒမရှိပါဘူး ” လို့ပြောပါတယ်။
နည်းပြ မော်ရင်ဟိုဟာ မန်ယူ၊ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်သည့်အသင်းများကိုလည်း တာဝန်ယူခဲ့ ဖူးသူဖြစ်ပြီး အသင်းတိုင်းမှာ အောင်မြင်မှု ဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့သူဖြစ်သည်။
Ref; bbc