BEC-TERO TV

သက်ငယ် မှုဒိန်းကျူးလွန်သူများကို လူမြင်ကွင်းမှာ သေဒဏ်ချမှတ်ဖို့ ဦးလှဆွေ အကြံပြု

09 Jul 2019     1,791 Views


ကလေးငယ်တွေကို ကျူးလွန်တဲ့ သက်ငယ်မုဒိန်းမှု တွေကို သက်ညှာမပေးဘဲ လူမြင်ကွင်းတွင် ရက်ရက်စက်စက် သေဒဏ်ပေးခြင်းတို့ ပြုလုပ်သင့်ကြောင်း လွတ်တော့်ကိုယ်စားလှယ်ဟောင်း ဘူးလတ် ဦးလှဆွေက အကြုံပြုပြောကြားခဲ့ပါတယ်။
 
ဘူးလတ် ဦးလှဆွေက သက်ငယ်မုဒိန်းမှုတွေနဲ့ ပါက်သတ်ပြီး “ကျွန်တော့်အိမ်မှာ ကြက်မနဲ့ ကြက်ဖကြီးမွေးထားတယ်။ အဲဒီမှာလေ့လာကြည့်တာ ကြက်ဖကြီးက အရွယ်မရောက်တဲ့ ကြက်မလေးတွေကိုမပေါင်းသင်းဘူးဗျ။ အခုဟာလူကတိရိစ္ဆာန်ဆိုးတဲ့အပြုအမူကို လုပ်တာဆိုတော့ သူ့ကိုလူမြင်ကွင်းမှာပစ်သတ်တာမျိုး ၊ သေဒဏ်ပေးတာမျိုး၊ သင်းကွပ်ပစ်လိုက်မျိုး၊ ဒါမှမဟုတ်လည်း ထောင်ထဲမှာပဲတစ်သက်လုံးနေ ၊ သေလည်းထောင်ထဲမှာသေ ဒီလိုမျိုးချမှတ်လိုက်ရင် ပိုကောင်းမယ်။

အခုဟာအစိုးရကထိရောက်တဲ့ပြစ်ဒဏ်မချတာကြောင့် ပိုအတင့်ရဲလာတာဗျ။ နောက်တစ်ခုက စီးပွားရေးအဆင်မပြေတာ။ ပိုက်ဆံမရှိတာပေါ့ဗျာ။ နောက်မူးယစ်ဆေးဝါးနဲ့အရက်တွေပေါနေတာ။ ဒါတွေကလူစိတ်ပျောက်စေတယ်။ ” အကြံပြု ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ- ၃၇၆ တွင် အဓမ္မပြုကျင့်ကြောင်းထင်ရှား၍ ပြစ်မှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း  ပြီးခဲ့သည့်လများအတွင်းက  သက်ဒိမ်းမဒိန်းကျူးလွန်သူများကို သေဒဏ်ပေးရေးအဆိုအား လွှတ်တော်တွင် ရခိုင်အမတ်မှတင်ပြရာတွင် မဲခွဲရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
 
သတင်းရင်မြစ် >> AKonThi

09 Jul 2019     1,791 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS