ခင်ပွန်းသည်နဲ့ လမ်းခွဲပြီး ပထမဦးဆုံး လူထုပရိတ်သတ်ရှေ့ ပြန်လည်မြင်တွေ့ရတဲ့ ဆောင်းဟယ်ကျို
08 Jul 2019 1,339 Views
မြန်မာပရိတ်သတ်တွေ အွန်စောလို့ သိကြတဲ့ မင်းသမီး ဆောင်းဟယ်ကျိုဟာဆိုရင် သူမရဲ့ သရုပ်ဆောင်ကောင်းမှု၊ ပြီးပြည့်စုံတဲ့အလှတရားကို ပိုင်ဆိုင်ထားတာကြောင့် ချစ်ခင်တဲ့ ပရိတ်သတ်အများအပြားရရှိထားသူတစ်ဦးပါ။ ဆောင်းဟယ်ကျိုဟာ လတ်တလောမှာ အလှကုန်ပစ္စည်းပြပွဲအတွက် တရုတ်ပြည်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါဟာ ခင်ပွန်းသည်နဲ့ ကွာရှင်းပြတ်စဲတော့မယ့်အကြောင်း အသိပေးပြီးနောက် ပထမဦးဆုံး လူထုရှေ့ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုတစ်ယောက် ဘယ်လို ပုံစံအနေအထားမျိုးနဲ့ ပွဲတက်လာတယ်ဆိုတာ သိရှိဖို့ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဆောင်းဟယ်ကျိုဟာ လတ်တလော ဖြစ်ပျက်သွားတဲ့ အခြေအနေတွေအရ သတင်းမီဒီယာများနဲ့ လူထုရဲ့ သတိထားခံနေရတာပဲဖြစ်ပါတယ်။ ဇူလိုင်လ ၆ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အလှကုန်ပစ္စည်းပြပွဲကို တက်ရောက်ခဲ့ပါတယ်။ ကွာရှင်းပြတ်စဲတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး ပရိတ်သတ်များက စိုးရိမ်ပူပန်နေကြပေမဲ့ နေကောင်းကျန်းမာစွာမြင်တွေ့ခွင့်ရတဲ့အတွက် ရင်အေးစရာပါပဲ။
ဆောင်းဟယ်ကျိုအနေနဲ့ သူမဘက်မှာ အမြဲရပ်တည်ပေးတဲ့ သူမကို အားပေးနေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်း အဆိုပါပွဲမှာ တက်ရောက်ရင်း ပြောကြားသွားပါတယ်။
“ဒီနေ့ ဒီပွဲကို လာရောက်ပြီး ကျွန်မကိုအားပေးကြတဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်ကြီးကို ကျေးဇူးဆပ်ဖို့ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောသွားပါတယ်။
ဆောင်းဟယ်ကျိုဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ မှာ ခင်ပွန်းသည် ဆောင်းဂျွန်ကီနဲ့ တရားဝင်ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ လူအများ လေးစားအားကျ ချစ်ခင်ရတဲ့ ဒီစုံတွဲလေး အခုလို လမ်းခွဲတာဟာ ပရိတ်သတ်အများအပြားကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။
Source-koreaboo
(ပိုပိုလေး)