BEC-TERO TV

မေတ္တာလိုအပ်နေသူတွေကို နွေးထွေးတဲ့မေတ္တာအပြည့်နဲ့ ပျော်ရွှင်မှုတွေကိုဖန်တီးပေးခဲ့တဲ့ လူမင်း

08 Jul 2019     1,407 Views


အနုပညာလောကထဲက နာမည်ကြီးဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ လူမင်းကတော့ ပရိသတ်ရဲ့ရင်ထဲက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိထားပြီးသားဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်နေရာကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူဖြစ်သလို ဒါရိုက်တာတစ်ဦးအဖြစ်လဲ အရည်အသွေးပြည့်မီတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖန်တီးထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လတ်တလောမှာတော့ လူမင်းက နွေးထွေးတဲ့မေတ္တာတရားတွေကို လိုအပ်နေသူတွေဆီသွားရောက်ကာ စစ်မှန်တဲ့မေတ္တာနဲ့ ပျော်ရွှင်မှုတွေကို တင်္ဒဂဖန်တီးပေးခဲ့ပါတယ်။ လူမင်းကတော့ မနေ့ကဇူလိုင်လ (၇) ရက်နေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူဒေါ်သန်းသန်း၏ အသက် (၆၉) နှစ်ပြည့်မွေးနေ့မှာ မိသားစုတွေနဲ့အတူတူ အလှူအတန်းများပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒ့ါအပြင် မိခင်ဖြစ်သူအပါအ၀င် မိသားစုအားလုံးနဲ့အတူ လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွာရှိ “မေတ္တာပရဟိတာဂေဟာ”နေ မသန်းစွမ်းလူငယ်များနှင့် သက်ကြီးရွယ်အိုများကို အာဟာရဒါနနှင့် အလှူငွေများကိုလှူဒါန်းခဲ့ပါတယ်။ သရုပ်ဆောင်မင်းသားကြီးလူမင်းလာလို့ ၀မ်းသာပျော်ရွှင်နေကြတဲ့ လူငယ်များနဲ့ ဘိုးဘွားများရဲ့ပုံရိပ်တွေကိုတော့ လူမင်းကသူ့ရဲ့ဖေ့စ်ဘွတ်ကနေ မျှဝေထားပြီး “မေတ္တာပရဟိတဂေဟာ" ကိုလူမင်းလာလို့ပျော်နေကြတယ်။ သူတို့အတွက်မေတ္တာတရားတွေတကယ်လိုအပ်ပါတယ်.. ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊မရမ်းချောင်းကျေးရွာ” ဆိုတဲ့ စားသားလေးပါရေးတင်ထားခဲ့တာဖြစ်ပါတယ်။

ပျော်ရွှင်ကြည်နူးမှုတွေကို ကူးစက်သွားစေမယ့် သရုပ်ဆောင် လူမင်းတို့မိသားစုရဲ့အလှူပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(ပိုပိုလေး)


08 Jul 2019     1,407 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment