မော်ဒယ်လ်မလေး တစ်ကိုယ်လုံးရေစိမ်ထားတဲ့ ရေပုလင်းများ အရောင်းသွက်နေ
05 Jul 2019 1,585 Views
အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်ကြတဲ့ နည်းလမ်းအထူးအဆန်းတွေ မကြာခဏဆိုသလို တွေ့နေရပါတယ်။ စီပွားရေးပညာရှင်ကြီးတွေတောင် မစဉ်းစားတတ်တဲ့ နည်းလမ်းကို အသုံးချပြီး တစ်ရက်ထဲမှာတင် သူဌေးဖြစ်ကြံသွားတဲ့ မော်ဒယ်လ်မလေးရဲ့ စိတ်ကူးက အစပိုင်းမှာ ဘယ်သူ့ကိုမေးမေး မဖြစ်နိုင်ဘူးလို့ပဲ ပြောကြမှာပါ။
ဒါပေမယ့် တစ်ကယ့်ကို တစ်ရက်ထဲမှာတင် ငွေထုတ်ပိုက်သွားနိုင်ခဲ့ပါတယ်။ “Game Girl” ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်က ကောင်းမလေးဟာ ကွန်ပြူတာဂိမ်းထဲက ဇာတ်ကောင်တွေအတိုင်း ဝတ်စားဆင်ယင်ပြီး အင်စတာဂရမ်မှာ နာမည်ကြီးလာတဲ့ မော်ဒယ်ဖြစ်ပါတယ်။
လက်ရှိ အင်စတာဂရမ်မှာ ဖော်လိုဝါ ၃.၉ သန်းရှိနေသူဖြစ်ပါတယ်။ သူမဟာ ဒီထက်ပိုပြီး နာမည်ကြီးဖို့နဲ့ သူမရဲ့ ပရိသတ်အရှိန်အဝါကို ပြသဖို့အတွက် တစ်ချက်ခုတ်ရင် သုံးချက်လောက်ပြတ်တဲ့ ကြံကြံဖန်ဖန် အကြံစည်တစ်ခုရခဲ့ပါတယ်။
အဲဒါကတော့ သူမရေချိုးထားတဲ့ ရေတွေကို ပုလင်းငယ်လေးတွေထဲမှာ ထည့်ပြီး သူမရဲ့ကိုယ်ပိုင် အွန်လိုင်းစတိုးပေါ်မှာ တစ်ပုလင်းကို ဒေါ်လာ ၃၀ (ကျပ် ၄ သောင်းခွဲကျော်)နဲ့ တင်ရောင်းဖို့ပါပဲ။ ဒီအကြောင်းကို သူမရဲ့ အင်စတာဂရမ်မှာ “ကျွန်မရေချိုးထားတဲ့ ရေတွေကို ဂိမ်းဆော့တဲ့ ကိုကိုတွေ ရေဆာရင်သောက်လို့ရအောင် တင်ရောင်းပေးနေပါပြီ” လို့ ကြေညာခဲ့ပါတယ်။
တစ်ကယ်တမ်းအပျော်သဘောနဲ့ ရည်ရွယ်ခဲ့ပေမယ့် တစ်ရက်ထဲမှာတင် ရေပုလင်းလေးတွေ အားလုံး ရောင်းကုန်သွားခဲ့ပါတယ်။ အဲဒီအတွက် သူမဟာ အကျိုးအမြတ်တွေ အများကြီး ရသွားခဲ့ပါတယ်။
ဒီပုလင်းကို မဝယ်လိုက်ရလို့ စိတ်ဆိုးပေါက်ကွဲနေတဲ့ အမျိုးသားတွေရဲ့ ပိုစ့်တွေလည်း တွေ့ခဲ့ရပါတယ်။ အချို့ဆိုရင် ဒေါသထွက်ပြီး နံရံကို လက်သီးနဲ့ထိုးထားတဲ့ ပုံတွေနဲ့ပါ ဒီရေပုလင်းကို အရမ်းလိုချင်ကြောင်း ရေးသားထားပါတယ်။
သူမရဲ့ အွန်လိုင်းစတိုးမှာ ပုလင်းထဲကရေဟာ သူမအမှန်တစ်ကယ် ရေချိုးထားပြီးသားရေတွေဖြစ်ပြီး သောက်သုံးဖို့ရောင်းတာမဟုတ်ပဲ အမှတ်တရဖြစ်စေဖို့ ရည်ရွယ်ပြီးရောင်းတာဖြစ်ကြောင်း ဖော်ပြချက်ထည့်သွင်းထားပါတယ်။
ဂိမ်းဆော့တဲ့ ကိုကိုတွေရော ကျပ် လေးသောင်းခွဲတန် ရေပုလင်းကို အမှတ်တရ လိုချင်တယ်ဆိုရင်တော့ ဒီေနရာေလးမွာ နောက်ထပ် တစ်သုပ်အရောင်းကို စောင့်ပြီး ဝယ်ယူနိုင်ကြပါတယ်။