BEC-TERO TV

ဗစ်တိုးရီးယားအမှုရဲ့ တရားခံက ကျောင်းကြီးကြပ်ရေးမှူးရဲ့ ဒါရိုက်ဘာလို့ ထုတ်ပြန်

04 Jul 2019     1,648 Views


ဗစ်တိုးရီးယားအမှုရဲ့ တရားခံဟာ ကျောင်းကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်ရဲ့ ယာဉ်မောင်းဖြစ်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး၊ ဒုတိယခရိုင်တရားသူကြီး ဦးညိုဌေးက ပြောကြားလာပါတယ်။အသက် ၂၉ နှစ်အရွယ် အောင်ကျော်မျိုး(ခေါ်) အောင်ကြီးကို ဒီနေ့ တရားရုံးမှာ ချုပ်မိန့်ရယူခဲ့တာဖြစ်ပါတယ်။
 
သူဟာ အမှုမှာ ကနဦး သံသယဝင်ခံရသူဖြစ်ပြီး မေလ(၃၀) ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အမှုကိုတော့ ဇွန်လ (၃) ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့က မှုခင်းရဲတပ်ဖွဲ့ (CID) ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် CID ကဇွန်လ  (၂၄) ရက်နေ့မှာ စစ်ဆေးပေါ်ပေါက်တာမရှိလို့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခုတော့ တရားခံယာဉ်မောင်းကို ရန်ကုန်ရောက်နေတုန်းမှာ ပြန်ဖမ်းလိုက်တာဖြစ်ပါတယ်။
 
ကလေးငယ်ဟာ နေပြည်တော် သပြေကုန်းရပ်ကွက်မှာရှိတဲ့ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ မေလ ၁၆ ရက်နေ့က မဖွယ်မရာ ပြုကျင့်ခဲ့ခဲ့ရတာပါ။ အဲ့ဒီလို ပြုကျင့်ခံခဲ့ရတာကို မိခင်ဖြစ်သူက သတိပြုမိပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ သပြေကုန်းမြို့မ ရဲစခန်းမှာအမှုဖွင့်ဆိုခဲ့တာပါ။

အမှုနဲ့ ပတ်သတ်ပြီးလဲ စီစီတီဗီ မှတ်တမ်းတွေအရ တရားခံအောင်ကျော်မျိုးကို မေလအကုန်ပိုင်းက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အမှုကို CID ကဇွန်လ ၃ ရက်နေ့မှာ ပြောင်းလဲ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရ၊ ပုဂ္ဂလိကကျောင်းတွေမှာ ဒီလိုကိစ္စတွေဖြစ်ပွားလာရင် ကြိုတင်ဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်း ပညာရေး ဝန်ကြီး ဋ္ဌာနမှ တာဝန်ရှိသူတွေကို မှာကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။
 
ကလေးငယ်လေးရဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် Justice for victoria ဆိုတဲ့ campaign လေးတွေကိုတော့ ဆက်လက်ပြုလုပ်နေကြဆဲပဲဖြစ်ပါတယ်။
 
Source- 7Day News
 
(ပိုပိုလေး)

04 Jul 2019     1,648 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS