BEC-TERO TV

၁၃ နှစ်အရွယ် ညီမအရင်းကို အဓ္ဓမပြုကျင့်မှုဖြင့် အစ်ကိုနှစ်ဦး ဖမ်းဆီးခံရ

04 Jul 2019     2,420 Views


မလေးရှားနိုင်ငံတွင် ညီမအရင်းဖြစ်သူကို အဓ္ဓမပြုကျင့်ပြီး ကိုယ်ဝန်ရစေခဲ့မှုအတွက် ညီအစ်ကို နှစ်ယောက်ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
 
ဇွန်လ ၃၀ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေး ဗိုက်နာလာသဖြင့် ဆေးရုံသွားပြခဲ့ရာ ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ရပြီးနောက် စုံစမ်းစစ်ဆေးခဲ့ရာ အသက် ၁၇ နှစ်နှင့် ၁၉ နှစ်အရွယ် အစ်ကိုအရင်း နှစ်ယောက်ရဲ့ လက်ချက်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
 
 
 
မိန်းကလေးရဲ့ ကိုယ်ဝန်ဟာ ၉ လရှိနေပြီဖြစ်ပြီး အဆိုပါနေ့မှာပင် ကလေးမီးဖွားခဲ့ကြောင်း ရဲအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ရဲအဖွဲ့က မိန်းကလေးဟာ စစ်ဆေးခဲ့ရာ အစ်ကိုအရင်း နှစ်ယောက်က ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစတင်ကာ သူတို့နေထိုင်ရာ ပါဟန်းပြည်နယ် ကွမ်တမ်မြို့နေအိမ်မှာ အကြိမ်ကြိမ် အဓ္ဓမပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
 
ကျူးလွန်သူ လူငယ်နှစ်ဦးကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ပုဒ်မ ၃၇၆(ခ) နဲ့ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
သတင်းရင်းမြစ် - TodayOnline
 

04 Jul 2019     2,420 Views




RELATED

Most Popular of International News

Most Popular of NEWS