BEC-TERO TV

မီတာခတိုးကောက်မှုကို အပြည့်အ၀ထောက်ခံလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

03 Jul 2019     1,539 Views


မခိုင်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ၀ါရင့်သရုပ်ဆောင်မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ချိန်ကအနုပညာလောကထဲမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူဖြစ်ပြီး သဘာဝကျပီပြင်လွန်းလှတဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေက ပရိသတ်ရင်ကိုထိစေခဲ့တာပါ။ သရုပ်ဆောင်ပိုင်းမှာအောင်မြင်ရုံသာမက ဂီတပိုင်းမှာပါ ပါရမီအရည်အချင်းတို့နဲ့ ထူးချွန်ပြောင်မြောက်တာကြောင့် မခိုင်ကြီးရဲ့သီချင်းသံစဉ်တွေက ယနေ့ခေတ် လူငယ်တွေကြားထဲမှာတောင် သက်ဝင်စီးမျောနေဆဲပါ။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

အသက်အရွယ်ရလာပေမယ့် အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်နေဆဲဖြစ်တဲ့ မခိုင်ကြီးကတော့ လတ်တလောမှာ မြန်မာနဲ့အမေရိကန်တို့ ပူးပေါင်းရိုက်ကူးတဲ့ “မေတ္တာ” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်လူမင်းနဲ့အတူ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးလျက်ရှိပါတယ်။ မြန်မာလူမျိုးတို့ရဲ့မေတ္တာတရားကို အဓိကပုံဖော်ရိုက်ကူးထားတဲ့ ထိုဇာတ်လမ်းနဲ့ပတ်သက်ပြီး သူမရဲ့မေတ္တာတရားအပေါ်ခံယူချက်ကို ပြောပြသွားပါတယ်။

သူမခံယူထားတဲ့ မေတ္တာတရားကို “တကယ်တမ်းတော့ မေတ္တာရဲ့အဓိပ္ပာယ်က အကျိုးကိုလိုလားခြင်းလို့ ဆရာတော်တွေဟောတာကို နာကြားဖူးပါတယ်။ ကိုယ်မေတ္တာထားတဲ့သူကို သူ့ရဲ့ကောင်းကျိုးလိုလားတာက မေတ္တာစိတ်ပေါ့။ ဒါပေမဲ့ ဘာနဲ့မှားတတ်လဲဆိုတော့ ၁၅၀၀ မေတ္တာနဲ့မှားတတ်ပါတယ်။” လို့ဆိုပါတယ်။

ဒါ့အပြင် လတ်တလောဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးကိစ္စတစ်ခုဖြစ်တဲ့ လျှပ်စစ်ဓာတ်အား မီတာခများတိုးမြှင့်ကောက်ခံလိုက်ခြင်းအပေါ်ကိုလည်း ထောက်ခံတယ်လို့ဆိုသွားပါတယ်။ ထွန်းအိန္ဒြာဗိုလ်က မီတာခများတိုးမြှင့်ကောက်ခံမှုအပေါ် “မီတာခက တကယ်တော့တက်ရမှာပေါ့ရှင်။ တစ်ခုရှိတာကတော့ လျှပ်စစ်အားကနိုင်ငံတကာမှာလိုပဲ ကုန်ကျမှုရှိမှာဆိုတော့ ကိုယ်လိုချင်ရင် ကိုယ်ပေးရမယ့်ပမာဏ ထိုက်ထိုက်တန်တန်ပေးရမှာပေါ့။ တိုင်းပြည်စီးပွားရေး၊ လူတိုင်းလူတိုင်းရဲ့ စီးပွားရေး၊ မိသားစုတိုင်းရဲ့ စီးပွားရေးတိုးတက်လာအောင် နိုင်ငံတော်အစိုးရက စဉ်းစားသင့်ပါတယ်။ အခြေခံလိုအပ်ချက်အတွက် အခြေခံကုန်ကျစရိတ်တွေ လူတိုင်းတတ်နိုင်တဲ့စီးပွားရေးမျိုး ဖြစ်သင့်ပါတယ်။” လို့ ထင်မြင်ချက်ပေးသွားခဲ့ပါတယ်။

ပရိသတ်ကြီးရဲ့အမြင်ကရော မခိုင်ကြီးလိုပဲ မီတာခတွေတိုးကောက်တဲ့အပေါ် ထောက်ခံပါသလား...အားလုံးရဲ့ထင်မြင်ချက်လေးတွေကို ဝေမျှပေးသွားပါဦးနော်..

(ပိုပိုလေး)


03 Jul 2019     1,539 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment