BEC-TERO TV

မီးလောင်မှုကြောင့် ၁၅ နှစ်ကြာ နှုတ်ခမ်းနဲ့ ရင်ဘက်ဆက်နေခဲ့သူ ခွဲစိပ်ကုသနိုင်တော့မည်

02 Jul 2019     1,536 Views


ဖိလစ်ပိုင်နိုင်ငံက အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က မီးလောင်မှုကြီးတစ်ခုကနေ လွတ်မြောက်လာခဲ့ပြီး အသက်မသေဆုံးခဲ့ရသော်လည်း သူမရဲ့ နှုတ်ခမ်းနဲ့ ရင်ဘတ်တို့ တွဲဆက်သွားခဲ့ရပါတယ်။ 
 
 
မီးလောင်ဒဏ်ရာတွေ ပျောက်ကင်းသက်သာခဲ့ပေမယ့် နှုတ်ခမ်းနဲ့ ရင်ဘတ်တို့ကို ခွဲစိတ်ကုသမှု စရိတ် မတတ်နိုင်နိုင်ခဲ့တာကြောင့် ၁၅ နှစ်လုံးလုံး ဦးခေါင်းစောင့်ငဲ့ပြီး ဒုက္ခကြီးစွာ နေထိုင်စားသောက်ခဲ့ရပါတယ်။ ဒီအဖြစ်ဆိုးကြောင့် သူမရဲ့ ဦးခေါင်းဟာ အများကြီးလှုပ်ရှားလို့မရပဲ ၁၅ နှစ်လုံးလုံး ထောင်းချောက်မိသလိုဖြစ်နေခဲ့ပါတယ်။
 
အခုနောက်ဆုံးမှာတော့ သူမရဲ့အဖြစ်ကို တွေ့ခဲ့ရတဲ့ စေတနာရှင်တစ်ဦးက သူ့ရဲ့မိတ်ဆွေများနဲ့ စုပေါင်းပြီး အလှူငွေကောက်ခံခဲ့ပြီးနောက် သူမကို ခွဲစိပ်ကုသပေးနိုင်တော့မှာဖြစ်ပါတယ်။
 
 
Leonor Niusa ၄၃ နှစ်ဟာ သူမရဲ့ခင်ပွန်း ကလေး သုံးယောက်တို့နဲ့အတူ ဖိလစ်ပိုင်နိုင်ငံ ဇမ်ဘိုနာမြို့မှာ နေထိုင်ပါတယ်။ တစ်ရက်တော့ သူမဟာ အိမ်ထဲမှာ ဖယောင်းတိုင်မီးနဲ့ အလုပ်လုပ်နေရင်း ဓါတ်ဆီသိုလှောင်ထားတဲ့ နေရာကို မီးကူးကာ နေအိမ်အကြီးအကျယ်မီးလောင်းကျွမ်းခဲ့ပါတယ်။ ခင်ပွန်းနဲ့ ကလေးတွေက မီးဘေးလွတ်ခဲ့ပေမယ့် သူမကတော့ အိမ်ထဲမှာ မီးတွေဝိုင်းပြီး ပိတ်မိနေခဲ့ပါတယ်။
 
 
နောက်ဆုံးမှာ ကြိုးစားရုန်းထွက်ပြီး မီးထဲကနေ လွတ်မြောက်ခဲ့ပေမယ့် သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်တို့ မီးလောင်းကျွမ်းခံခဲ့ရပါတယ်။ အဲဒီဒဏ်ရာကြောင့် သူမရဲ့ နှုတ်ခမ်းနဲ့ ရင်ဘတ်တို့ အသားချင်း ပူးကပ်သွားခဲ့တာဖြစ်ပါတယ်။
 
ဒါကို ခွဲစိတ်ကုသဖို့အတွက် စရိတ်မတတ်နိုင်ခဲ့ပါဘူး၊ နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူက ကလေးနှစ်ယောက်ကို ခေါ်ကာ ထွက်သွားခဲ့ပါတယ်။ သူမဟာ အခုလိုအခြေအနေနဲ့ အလုပ် ကောင်းကောင်းလည်း မရှာနိုင်ခဲ့ပါဘူး၊ လက်ရှိမှာတော့ သူမဟာ သားလေးတစ်ယောက်နဲ့ အတူနေထိုင်းရင်း ၁၅ နှစ်တိုင် ဒုက္ခရောက်ခဲ့ရပါတယ်။
 
 
တစ်ရက်မှာတော့ Justin Quiban ဆိုသူ အမျိုးသားက သူတို့သားအမိကို တွေ့သွားခဲ့ပြီး အကြောင်းစုံသိရှိပြီးတဲ့နောက်မှာတော့ အပေါင်းအသင်းများနဲ့ စုပေါင်းကာ ခွဲစိတ်ကုသဖို့အတွက် အလှူငွေတွေစုဆောင်းခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ Leonor Niusa ကို ဒုက္ခဆိုးကြီးကနေ လွတ်မြောက်အောင် ခွဲစိတ်ကုသနိုင်ပြီး အလုပ်ကောင်းကောင်းတစ်ခုလည်း ရှာဖွေနိုင်တော့မှာဖြစ်ပါတယ်။

02 Jul 2019     1,536 Views




RELATED

Most Popular of Special or Others

Most Popular of NEWS