သမီးငယ်လေး Victoria အမှုကို သမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ပြီ
02 Jul 2019 1,393 Views
ထိုအမှုနဲ့ပတ်သက်ပြီး သမီးငယ်လေးတက်ရောက်နေတဲ့ Wisdom Hill ကျောင်းမှတာဝန်ရှိသူများကတော့ ထိုဖြစ်စဉ်မှာ ၄င်းတို့ကျောင်းတွင်ဖြစ်ပျက်ခဲ့တာမဟုတ်ဟုငြင်းဆိုကာ မီဒီယာများထံရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဇမ္မူသီရိမြို့မရဲစခန်းတွင် ပုဒ်မ (၃၇၇) ဖြင့်အမှုဖွင့်တိုင်ကြားထားတဲ့ သမီးငယ်လေး Victoria ရဲ့အမှုကို ပြီးခဲ့တဲ့ ဇွန်လ (၃) ရက်နေ့မှစတင်ကာ CID သို့လွှဲပြောင်းစစ်ဆေးနေကြောင်းသိရပါတယ်။
ဒါ့အပြင် သမီးငယ်လေးရဲ့အမှုမှာ သံသယရှိသူဟုယူဆ၍ ဖမ်းမိထားသူကိုလည်း သက်သေများအထောက်အထားများမခိုင်လုံသောကြောင့် တရားစွဲဆိုမရ၍ ပြန်လွှတ်ပေးလိုက်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ ရဲအရာရှိတစ်ယောက်ကပြောကြားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့မတ်လထဲက ဖြစ်ပွားခဲ့တဲ့ထိုအမှုဟာ အချိန်တစ်လကျော်ကြာမြင့်လာသည့်တိုင် တရားခံကိုဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသည့်အပြင် တရားခံနဲ့ပတ်သက်တဲ့ တိကျတဲ့သတင်းတွေကိုပါထုတ်ပြန်နိုင်ခြင်းမရှိသေးတာကြောင့် ပြည်သူတစ်ရပ်လုံးကသမီးငယ်လေးအတွက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်နေကြကာ အမှုမှန်အမြန်ဆုံးပေါ်ပေါက်ဖို့အတွက် Victoria လေးဘက်က ရေဆုံးမြေဆုံးရပ်တည်လာကြတာဖြစ်ပါတယ်။
အမှုမှန်ပေါ်ပေါက်ဖို့နှင့် တရားခံကိုထိရောက်မှန်ကန်စွာအရေးယူနိုင်ဖို့အတွက် ပြည်သူလူထုသာမက အနုပညာရှင်များစွာကပါ အင်တိုက်အားတိုက်ပါဝင်တောင်းဆိုလာကြတာကြောင့် နိုင်ငံတော်သမ္မကြီးဦးဝင်းမြင့်ကိုယ်တိုင် သမီးငယ်လေး Victoria ရဲ့အမှုကို ကိုင်တွယ်နေတယ်လို့သိရပါတယ်။ သမ္မတကြီးကိုယ်တိုင်က Victoria ရဲ့အမှုကို စိတ်ဝင်တစားကိုယ်တွယ်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကိုတော့ လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူးဦးဘုန်းကြွယ်က ပြောပြခဲ့တာဖြစ်ပါတယ်။
အချိန် (၁) လကျော်ကြာသည့်တိုင် တရားခံကိုရှာဖွေနေဆဲဖြစ်တဲ့ သမီးငယ်လေး Victoria ရဲ့သက်ငယ်မုဒိန်းမှုကို တာဝန်ရှိသူများကအရေးတယူဆောင်ရွက်နေပြီဖြစ်တာကြောင့် ပြည်သူလူထုပရိသတ်ကြီးဘက်ကလည်း တရားခံပေါ်ပေါက်လာဖို့ သမီးလေးဘက်ကနေဆက်လက်ရပ်တည်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေ…
#Justice_for_Victoria
Source_Akonthi
(ပိုပိုေလး)