BEC-TERO TV

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်း ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်

02 Jul 2019     1,584 Views


အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်ခံတဲ့ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ဖြေရှင်းနေရတဲ့ နေပြည်တော်က နာမည်ကြီး ပုဂ္ဂလိက မူကြိုကျောင်း Wisdom Hill ဇူလိုင်လ ၁ ရက် ၊ မနေ့က စပြီး ၂ ပတ်ခန့် ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ကလေးငယ် Victoria ကို သက်ငယ်မုဒိမ်းကျူးလွန်ခံရမှုကို စစ်ဆေးနေတာဟာ တစ်လကျော် ကြာမြင့်နေပြီး ဖြစ်သော်လည်း အခုထိ တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးတာကြောင့် ပြည်သူတေက အစိုးရကို အဆိုပါ ကိစ္စကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် ၊ မော်ဒယ် ၊အဆိုတော် ၊ဆယ်လီဘလယ်ရီ ၊ ဘလော့ဂါ အသိုင်းအဝိုင်းကလည်း  သက်ငယ်မုဒိမ်းကျူးလွန်ခံရမှုကို အမှုမှန်ကို အမြန်ဆုံး ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုလားနေကြတာဖြစ်ပါတယ်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေပြည်တော်က မူကြိုကျောင်းတွေကို နှစ်ပတ်ပိတ်ထားဖို့ အကြောင်းကြားလာလို့ သူတို့ကျောင်းကို နှစ်ပတ်ခန့် ယာယီပိတ်ထားဖို့ ကျောင်းသာမိဘတွေကို ဇွန်လ ၃၀ ရက်က ကျောင်းတာဝန်ရှိသူတွေက အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။ မူကြိုကိုပဲ ပိတ်မှာဖြစ်တာကြောင့် တခြား Grade အတန်းတွေကိုတော့ ဆက်ဖွင့်ထားမှာ ဖြစ်ပါတယ်။
 
Wisdom Hill ကျောင်းဟာ နေပြည်တော်မှာနာမည်ကြီး ပုဂ္ဂလိကကျောင်းတခု ဖြစ်သလို ကျောင်းခွဲတွေ ဖွင့်လှစ်ထားတဲ့ကျောင်းလည်းဖြစ်ပါတယ်။ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းဟာ နေပြည်တော်မှာ နာမည်ကြီးကျောင်း တခုဖြစ်ပေမဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှာ မှတ်ပုံတင်လျှောက်ထားဆဲ အခြေအနေနဲ့ပဲ ကျောင်းဖွင့်နေတာဖြစ်တယ် လို့သိရပါတယ်။
 
ဒီအမှုနဲ့ပတ်သက်လို့မှုခင်းသတင်းဌာန CID က တာဝန်ယူ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့ရဲ့ တွေ့ရှိချက်ကို မကြာခင် သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ထိပ်တန်းအရာရှိတွေက ဆိုပါတယ်။ လောလောဆယ်မှာတော့ ဒီအမှုနဲ့ပတ်သက်တဲ့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးနေပြီး အခုချိန်ထိတော့ တရားခံအစစ်ကိုမဖော်ထုတ်နိုင်သေးပါဘူး။
 
ဒီအမှုနဲ့ ပါတ်သတ်ပြီး သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကလည်း နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့လည်း သိရပါတယ်။
 
Ref  ; BBC burmese

02 Jul 2019     1,584 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS