ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် အင်တာဗျူးမှာ တောင်းပန်စကားပြောရင်း ငိုကြွေးခဲ့တဲ့ ပတ်ယူချန်း
02 Jul 2019 1,507 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသားတစ်လက်ဖြစ်တဲ့ ပတ်ယူချန်းဟာ ပြီးခဲ့တဲ့ ဧပြီလမှာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်တိတိ ချမှတ်ခံလိုက်ရပါတယ်။ ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သတ်ပြီး ပတ်ယူချန်းဘက်က အယူခံဝင်တော့မည်မဟုတ်ကြောင်း အသိပေးပြောကြားလာပါတယ်။ ယနေ့ တရားရုံးမှ ပြစ်ဒဏ်ချမှတ်ပြီးနောက် သတင်းမီဒီယာတွေရဲ့ အင်တာဗျူးကနေတစ်ဆင့် ပတ်ယူချန်းတစ်ယောက် ဘယ်လိုတောင်းပန်သွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
အခုလိုဖြစ်ပျက်သွားတာနဲ့ ပတ်သတ်ပြီး ပတ်ယူချန်းဟာ သူ့ပရိတ်သတ်တွေကို တောင်းပန်နေခဲ့ပါတယ်။ “အားလုံးကို စိတ်ပူစေတဲ့အတွက်တောင်းပန်ပါတယ်။ နောင်ခါမှာ လူမှုပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့ လူတစ်ယောက်ဖြစ်လာစေရပါမယ်။” ဟုပြောကြားလာပါတယ်။
တစ်ဖန် ပတ်ယူချန်းကပဲ “ကျွန်တော့်တကယ်ပဲတောင်းပန်ပါတယ် ကျွန်တော့်ပရိတ်သတ်တွေအတွက် ကျွန်တော်အမှန်တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်၊ တောင်းပန်ပါတယ် ဒီထက်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ရိုးသားကြိုးစားတဲ့လူဖြစ်အောင် ကြိုးစားနေထိုင်သွားပါ့မယ် ” ဆိုပြီး ပြောကြားသွားပါတယ်။
ပတ်ယူချန်းဟာ ဆောင်ဂျန်ကွမ်အရှုပ်တော်ပုံ၊ ရနံ့ခံမျက်ဝန်း၊ I Miss You , rooftop prince ဇာတ်ကားတို့နဲ့ လူကြိုက်များခဲ့တာဖြစ်ပြီး အဆိုတော်တစ်ဦးအနေနဲ့လဲ အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ မူးယစ်ကြောင့် တောက်ပနေတဲ့ ကြယ်တစ်ပွင့် ဆုံးရှုံးလိုက်ရတာ ကြေကွဲဝမ်းနည်းမိပါတယ်။
Source-koreaboo
(ပိုပိုလေး)