ဆေးမှုနဲ့ ထောင်ဒဏ်(၂) နှစ်ချမှတ်ခံလိုက်ရပြီဖြစ်တဲ့ မစ်ကီယူချန်း
02 Jul 2019 1,383 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် အဆိုတော်၊ မင်းသားတစ်လက်ဖြစ်တဲ့ မစ်ကီယူချန်းဟာ ပြီးခဲ့တဲ့ ဧပြီလမှာ ဆေးမှုနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာဖြစ်ပြီး အနုပညာလောကမှာ နှုတ်ထွက်ကြောင်းကိုလဲ တစ်ပြိုင်နက် ကြေညာသွားခဲ့ပါတယ်။ ၅ လပိုင်းနဲ့ ၆ လပိုင်းအတောအတွင်း အမှုရင်ဆိုင်နေရတာဖြစ်ပြီး ယနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ပတ်ယူချန်းကို တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ပတ်ယူချန်းတစ်ယောက် ထောင်ဒဏ်(၂) နှစ်အပြင် ဘယ်လို ပြစ်ဒဏ်မျိုးကိုရရှိထားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ပတ်ယူချန်းကို ထောင်ဒဏ်(၂) နှစ်အပြင် ဒဏ်ကြေးငွေ ကိုးရီးယားဝမ် ၁.၄ သန်း (အမေရိကန် ဒေါ်လာဖြင့် ၁၂၀၀) ကိုပေးဆောင်ရမှာဖြစ်ပြီး ထောင်ထဲမှာ ဆူပူသောင်းကျန်းရင်တော့ နောက်ထပ် ထောင်ဒဏ် သက်တမ်း ၁၀ လတိုးမြှင့်သွားမှာပဲဖြစ်ပါတယ်။
ပတ်ယူချန်းဟာ ရည်းစားဟောင်း Hwang Hana နဲ့ methamphetamine 1.5 ဂရမ်ကို အတူသုံးစွဲခဲ့တဲ့အပြင် ကျန်တဲ့ မတူညီတဲ့ နေရာ ၇ ခုမှာလဲ သုံးစွဲနေကြောင်း သိရှိရပါတယ်။ အခုလို တရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုကို ပတ်ယူချန်းအနေနဲ့ အယူခံဝင်တော့မည်မဟုတ်ကြောင်းကိုလဲ တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာလာပါတယ်။
(ပိုပိုလေး)