ဆောင်းဟယ်ကျိုကို အသိမပေးပဲ ကွာရှင်းပြတ်စဲဖို့လျှောက်လွှာ တင်လိုက်တဲ့ဆောင်းဂျွန်ကီ
01 Jul 2019 1,411 Views
တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတားစုံတွဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ပရိတ်သတ်ကို အသိပေးကြေညာခဲ့ပါတယ်။ ဆောင်းဂျွန်ကီဟာ ဇွန်လ ၂၆ ရက်နေ့မှာ ကွာရှင်းပြတ်စဲဖို့ ရုံးတော်မှာ လျှောက်လွှာတင်ခဲ့တာဖြစ်ကြောင်း Channel A မီဒီယာမှ ဖော်ပြလာပါတယ်။ တစ်ဖန် Channel A ၏ထုတ်ပြန်ချက်အရ ဆောင်းဂျွန်ကီဟာ ဆောင်းဟယ်ကျိုကို အသိမပေးပဲ ကွာရှင်းခွင့် လျှောက်တင်လိုက်ကြောင်း သိရပါတယ်။ ဆောင်းဂျွန်ကီတစ်ယောက် ဆောင်းဟယ်ကျိုကို အသိမပေးဘဲ အခုလို ကွာရှင်းပြတ်စဲခွင့်လျှောက်တင်လိုက်တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဆောင်းဂျွန်ကီဟာ ဇွန်လ ၂၆ ရက်နေ့မှာ ဇနီးဖြစ်သူ ဆောင်းဟယ်ကျိုနဲ့ တရားဝင် ကွာရှင်းပြတ်စဲခွင့်ကို Seoul Family Court မှာ လျှောက်လွှာတင်ခဲ့ပါတယ်။ ဆောင်းဟယ်ကျိုဟာ ဒီသတင်းကို သတင်းမီဒီယာတွေက တင်မှ သိရှိရတာဖြစ်ပြီး သိပြီးပြီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်မှ ဆိုးလ်သို့ချက်ချင်းပြန်ခဲ့တာပဲဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုဟာ ဘန်ကောက်မှာ ကြော်ငြာရိုက်ကူးဖို့ သွားရောက်နေခဲ့တာပဲဖြစ်ပါတယ်။
ကွာရှင်းပြတ်စဲလျှောက်တင်ခြင်းနဲ့ ပတ်သတ်လို့ ဆောင်းဂျွန်ကီဘက်မှ သတင်းထုတ်ပြန်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ နှစ်ဦးသဘောတူ ကွာရှင်းကြဖို့ အရင်ကတည်းက ဆုံးဖြတ်ပြီးသားဖြစ်ပေမယ့် ဆောင်းဂျွန်ကီဟာ ဒီကိစ္စကို မြန်မြန်နဲ့ ပြဿနာကြီးကြီးမားမားမဖြစ်ပဲ အေးဆေးစွာပြီးချင်တာကြောင့် အမြန်ဆုံးလျှောက်လွှာတင်လိုက်ကြောင်း ကြေငြာချက်ထုတ်ပြန်လာပါတယ်။ တစ်ဖန် ဆောင်းဟယ်ကျိုဘက်က ကွာရှင်းတာနဲ့ ပတ်သတ်ပြီး မဟုတ်မမှန်တာတွေ ပြောကြားပါက သူ့မှာ ရှိတဲ့ သက်သေတွေနဲ့ ပြန်လည် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကိုလဲ အသိပေးလာပါတယ်။
ဆိုးလ်မြို့နယ် တရားရုံးမှ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီအမှုကို တစ်လအတွင်း ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်းနှင့် လာမယ့် သြဂုတ်လမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်မိကြောင်း ထုတ်ပြန်လကြေညာလာပါတယ်။ တရားရုံးအနေနဲ့ Song ဇနီးမောင်နှံကွာရှင်းပြတ်စဲတာဟာ အကြောင်းအရင်းခိုင်လုံတာကြောင့် ကန့်ကွက်စရာ အကြောင်း မရှိကြောင်းကိုလဲ ထုတ်ဖော်ပြောကြားသွားပါတယ်။
Source-soompi
(ပိုပိုလေး)