BEC-TERO TV

ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကို အသက် ၈၀ အရွယ်အဘွားက ဆွပ်ခူးရရှိ

01 Jul 2019     1,527 Views


ငါးကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ဆုကြီးကို ဟသာင်္တမြို့ အေးသာယာရပ်ကွက်  အလောင်းဘုရားလမ်းသွယ်တွင် နေထိုင်သော အသက် (၈၀) အရွယ် ဒေါ်ခင်တင့်က ဆွပ်ခူးခဲ့ပါတယ်။ ကျပ် တစ်သောင်းခွဲတန် ထီလက်မှတ်ကို ရွေထီး ထီသည် ဦးစောဝင်းထံတွင် အကြွေးဖြင့် ခြောက်ထောင်ဖို့ ထိုးခဲ့ပြီး ကံထူးခဲ့ခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်တင့်၏ အမျိုးသားမှာ တပ်မတော် ဒုတပ်ကြပ်ပင်စင်စားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ (၅) နှစ်ခန့်က ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ အဖွားအိုမှာ သား ၃ ယောက် ၊သမီး  ၂ နှစ်ယော်က စုစုပေါင်း(၅) ဦးရှိပြီး ထို့အနက်မှ သားတစ်ဦးမှာ တပ်မတော်တွင် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ယခုအခါတွင် ကျန်သားသမီးတွေနဲ့ အတူနေထိုင်နေတယ်လို့ သိရပါတယ်။

“ထီလက်မှတ်ကို လုံခြုံအောင်လုပ်ပြီးပါပြီ ၊ အဖွားရဲ ့ကျန်းမာရေးကို စောင့်ကြည့်နေပါတယ် ၊ အဖွားက အရမ်းစိတ်လှုပ်ရှားနေတော့ စိုးရိမ်မိတယ်။ လိုအပ်ရင် ဆေးရုံးခဏတင်ထားမယ် ” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအောင်က ပြောပါတယ်။
 
အဖွား ဒေါ်ခင်တင့်ဟာ ကျပ်တစ်သောင်းခွဲဆု မဆွပ်ခူးခင် မတိုင်မီက ငါးသိန်းဆု ကို ဆွပ်ခူးဖူးတယ်လို့လည်း သိရပါတယ်။

01 Jul 2019     1,527 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS