ကားမှန်တံခါးကို ရိုက်ခွဲဖျက်စီးခဲ့တဲ့ YBS ယာဉ်ပေါ်က မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်တစ်ခု (ရုပ်သံ)
01 Jul 2019 1,565 Views
YBS 99 ယာဉ်လိုင်းဟာဆိုရင် လှိုင်သာယာကနေ တောင်ဒဂုံဘက်ကိုသွားတဲ့ ယာဉ်လိုင်းဖြစ်ပြီး ရှစ်မိုင်တံတားအောက်မှာ မီးပွိုင့်မိနေစဉ် ခရီးသည်အမျိုးသားတစ်ဦးမှဆင်းမည်ပြုရာ ကားဆရာမှ မီးပွိုင့်မိနေသောကြောင့်တံခါးဖွင့်ပေးမရ၍ ရှေ့မှတ်တိုင်ရောက်မှဆင်းဖို့ပြောခဲ့သော်လည်း ၄င်းခရီးသည်အမျိုးသားမှ လက်မခံပဲ ကားတံခါးဖွင့်ပေးဖို့ချည်းသာ ပြောနေခဲ့ပြီး မဖွင့်ပေးသည့်အဆုံး အရေးပေါ်အသုံးပြုရန်ထားသည့် စိန်တူကိူယူပြီး ကားအဆင်းတံခါးမှန်ကို ရိုက်ခွဲဖျက်စီးခဲ့ပါတယ်။
မှတ်တိုင်ဆင်းရန် ကားပေါ်ရပ်နေကြသည့် အခြားခရီးသည်များမှ ထိုသို့မလုပ်ရန်တားမြစ်သည်ကိုပင် ပြန်ခံပြောဆိုခဲ့ကာ ဆဲရေးတိုင်းထွာခဲ့ပြီး အဆင်းတံခါးဘယ်ဖက်ကို ရိုက်ခွဲဖျက်စီးကာ ခြေထောက်နဲ့ပါဆောင့်ကန်ဖွင့်ပြီး ကားပေါ်မှဆင်းသွားခဲ့ပါတယ်။
ထိုအဖြစ်အပျက်ကိုတော့ Omini Focus ကုမ္ပဏီက ကားပေါ်ပါ စီစီတီဗွီမှတ်တမ်းနှင့်တကွ ထုတ်ပြန်လိုက်တာဖြစ်ပြီး သက်ဆိုင်ရာရဲစခန်းကိုလည်း ကုမ္ပဏီဘက်မှ တိုင်းတန်းထားတယ်လို့သိရပါတယ်။ ကားတံခါးမှန်ကို ရိုက်ခွဲဖျက်စီးမှုပြုလုပ်ခဲ့တဲ့ ခရီးသည်ရဲ့ ဗီဒီယိုဖိုင်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။