ဘာသာစကားမျိုးစုံကို မွှတ်နေအောင် ပြောတတ်တဲ့ လမ်းဘေးစျေးသည်လေး (ရုပ်သံ)
01 Jul 2019 1,689 Views
ကမ္ဘောဒီးယားနိုင်ငံက အမှတ်ရလက်ဆောင် ပစ္စည်းတွေကို လမ်းဘေးမှာ ခြင်းလေးလွယ်ပြီး လိုက်ရောင်းရတဲ့ စျေးသည် ကလေးတစ်ယောက်ရဲ့ ဘာသာစကားမျိုးစုံကို မွှတ်ထွတ်နေအောင် ပြောတတ်တဲ့ ရုပ်သံဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ပြီး လက်တလော နာမည်ကြီးနေပါတယ်။
အသက် ၁၂ နှစ်ဝန်းကျင်လောက်သာ ရှိသေးတဲ့ ကလေးလေးဟာ အနည်းဆုံး ဘာသာစကား ၉ မျိုးကို လည်ပတ်အောင် ပြောနိုင်ဆိုနိုင်ပါတယ်။ သူပြောဆိုနိုင်တဲ့ ဘာသာစကားတွေထဲမှာ ထိုင်း၊ တရုပ်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စပိန်၊ မလေးရှား၊ ကိုရီးယား၊ ဂျာမန် နဲ့ အင်္ဂလိပ် ဘာသာစကားတွေ ပါဝင်ပါတယ်။ ဒီထက်ပိုတဲ့ ဘာသာစကားတွေလည်း ပြောနိုင်ကောင်း ပြောနိုင်ပါလိမ့်မယ့်။ တရုပ်ဘာသာမှာဆိုရင် ကွမ်တုံးလိုသာမက မန်ဒရင်းလိုပါ ပြောဆိုနိုင်ပါတယ်။
ရုပ်သံထဲမှာ စျေးဝယ်သူ အမျိုးသမီးတစ်ယောက်က သူဟာအမှန်တစ်ကယ်ပဲ ဘာသာစကားမျိုးစုံ ပြောတတ်ရဲလားဆိုတာ စမ်းသပ်ခဲ့ရာ အံ့သြစရာကောင်းလောက်အောင် တစ်ခွန်းစ နှစ်ခွန်းစ မဟုတ်ပဲ စျေးရောင်းစျေးဝယ် အပြင် အခြားအကြောင်းအရာတွေကိုပါ စဉ်းစားတုံ့ဆိုင်းခြင်းမရှိပဲ ဘာသာစကားတစ်ခုကနေ တစ်ခုကို ပြောင်းလဲပြီး ပြောဆိုသွားတာကို တွေ့ခဲ့ရပါတယ်။
ဒီစကားတွေအားလုံးကို သင်တန်းတွေတက်ပြီး ဆရာနဲ့ သင်ယူခဲ့တာမျိုးမဟုတ်ပဲ နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားဧည့်သည့်တွေဆီကနေ ဖြည်းဖြည်းခြင်း သင်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မျက်နှာလေးကလည်း ချို၊ အရောင်းအဝယ်ကလည်း ကျွမ်းကျင်၊ ဘာသာစကားပေါင်းစုံလည်း တတ်ကျွမ်းတဲ့ ဒီကလေးလေး တစ်နေ့ကျရင် ဂျက်မားလို မီလီယံနာသူဌေးကြီး တစ်ယောက် မဖြစ်လာဖူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။ ချီးကျူးပါတယ် ကလေးရေ။
ကမ္ဘောဒီးယားကို အလည်ရောက်ခဲ့လို့ ဒီကလေးလေးနဲ့ ဆုံခဲ့ရင် မြန်မာစကားရော ပြောတတ်လားဆိုတာ စမ်းသပ်ကြည့်ခဲ့ကြပါဦး။