နှစ်ဦးသဘောတူ ပိုင်ဆိုင်မှုများကို ဝေခွဲယူလိုက်ပြီဖြစ်တဲ့ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီ
01 Jul 2019 1,371 Views
တောင်ကိုးရီးယားနိုင်ငံ တော့ပ်စတားစုံတွဲ Song Song Couple ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အတိအလင်းကြေညာပြီးနောက် တရားဥပဒေအရ ပိုင်ဆိုင်မှုတွေကို ဝေခွဲယူဖို့ သဘောတူညီခဲ့ပုံပါပဲ။ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ ခွဲယူမယ့် ငွေကြေးပမာဏ နဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်များလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ ဝင်ငွေအများဆုံး မင်းသား၊ မင်းသမီး စာရင်းဝင်သူများဖြစ်ကြပါတယ်။ ဝင်ငွေများတဲ့ သူနှစ်ယောက် လက်ထပ်ထားတာကြောင့် သူတို့နှစ်ဦးပေါင်းတဲ့ ပိုင်ဆိုင်မှုကလဲ မသေးပါဘူး။
ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီ နှစ်ယောက်ပေါင်း ပိုင်ဆိုင်တဲ့ ငွေပမာဏကတော့ ကိုးရီးယားဝမ် သန်း ၁၀၀ ၊ အမေရိကန်ဒေါ်လာအားဖြင့် ၈၆ သန်းရှိပါတယ်။ သူတို့ဟာ ဒီပိုင်ဆိုင်မှုတွေကို တစ်ဝက်စီခွဲယူရမှာဖြစ်ပါတယ်။
ဆောင်းဂျွန်ကီဟာ ဆောင်းဟယ်ကျိုကို လက်ထပ်ဖို့ လက်ထပ်ပွဲအတွက် ဝမ်သန်း ၄၀ ကုန်ကျခဲ့ပြီး Itaewon မှာ နှစ်ယောက်အတူ နေဖို့အိမ်ကို အမေရိကန်ဒေါ်လာ ၈.၆ သန်းနဲ့ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ တဖန် Seorare Village မှာ ဒေါ်လာ ၂.၂ သန်းတန်တဲ့ အဆောက်အဦးတစ်ခုကိုလဲ ဆောင်းဂျွန်ကီက ပိုင်ဆိုင်ထားပါတယ်။
ဆောင်းဟယ်ကျိုကတော့ ၂၀၀၀ ခုနှစ်တွေကတည်းက နှစ်ပေါင်းများစွာ အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးဖြစ်တဲ့အလျောက် သူမရဲ့ အောင်မြင်မှုတွေကလဲ မသေးပါဘူး။ ဆောင်းဟယ်ကျိုဟာ Samseong မှာ ဒေါ်လာ ၈.၆ သန်းတန်တဲ့ အိမ်တစ်လုံး၊ ၂.၆ သန်းတန်တဲ့ ဇိမ်ခံ villa တစ်လုံး၊ ၇.၉ သန်းတန်တဲ့ အိမ်ကြီးတစ်လုံး စုစုပေါင်း အိမ် ၃ အိမ် ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သူမဟာ နယူးယောက်မှာ ဒေါ်လာ ၁.၇ သန်းတန်တဲ့ ကွန်ဒိုတိုက်ခန်းတစ်လုံးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။
နှစ်ယောက်လုံးက ကိုယ်စီချမ်းသာကြပြီး လက်ရှိမှာ Song စုံတွဲဟာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်လို့ ပိုင်ဆိုင်မှုတွေ တစ်ယောက်တစ်ဝက်စီ ခွဲယူလိုက်ကြပါပြီ။
Source-koreaboo
(ပိုပိုလေး)