BEC-TERO TV

မက္ကဆီကိုနိုင်ငံတွင် မိုးသီးမုန်တိုင်းများကြောင့် ရေခဲများ ဖုံးလွှမ်း (ရုပ်သံ)

01 Jul 2019     1,431 Views


မက္ကဆီကိုနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ‘ဂွါဒါလာဂျရာ’ မှာ ဇွန်လ ၃၀ ရက်နေ့က မိုးသီးမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မြို့ရဲ့ နေရာအနှံမှာ ရေခဲများ ၂ မီတာအမြင့်လောက်ဖုံးအုပ်ခဲ့ပြီး မော်တော်ကားများ ရေခဲထဲနစ်နေခဲ့ပါတယ်။
 
 
ယခုလိုအဖြစ်ပျက်မျိုး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မမြင်ဖူးကြောင်း ဒေသခံတစ်ဦးက ပြောဆိုခဲ့ပြီး ကမ္ဘာ့ရာသီဥတုအခြေအနေဟာ အရင်ကလိုမဟုတ်ပဲ အမှန်တစ်ကယ်ပြောင်းလဲနေပြီလို့ ဆိုပါတယ်။
‘ဂွါဒါလာဂျရာ’ ဟာ မက္ကဆီကိုမြို့ မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး လူဦးရေ ၅ သန်းခန့် နေထိုင်တဲ့ မြို့ကြီးလည်းဖြစ်ပါတယ်။
 
 
အနည်းဆုံး မြို့ကြီးရဲ့ အနီးနားက ဆင်ခြေဖုန်းရပ်ကွက် ၆ ခုလောက်ဟာ ရေခဲမိုးသီးတွေ ဖုံးလွှမ်းခံခဲ့ရပါတယ်။ ကားတွေအားလုံး ရေခဲတွေနစ်မြုတ်ခဲ့ပေမယ့် ကလေးတွေအတွက်တော့ မကြုံဖူးတဲ့ ပျော်စရာမြင်ကွင်းဖြစ်ခဲ့ပြီး နှင်းတွေထဲမှာ ဆော့ကစားနေကြတာကို တွေ့ရပါတယ်။
 
 
 
မုန်တိုင်းကြောင့် အနည်းဆုံး မော်တော်ယာဉ် အစီး ၅၀ လောက် ပျက်ဆီးခဲ့ပြီး အချို့မှာ လုံးဝနစ်မြုတ်သွားခဲ့ကြောင်း သိရှိရသည်။

01 Jul 2019     1,431 Views




RELATED

Most Popular of International News

Most Popular of NEWS