ဟိုတယ်အခန်းမှာ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်သွားတဲ့မင်းသမီးကြီး Jeon Mi Sun
01 Jul 2019 1,364 Views
တောင်ကိုးရီးယား ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ အမေခန်းက ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးကြီး Jeon Mi Sun ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ Jeonju ရှိ ဟိုတယ်အခန်းထဲမှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ကြောင်း ရဲဋ္ဌာနမှာ တွေ့ရှိပြီး စစ်ဆေးခဲ့ပါတယ်။ မင်းသမီးကြီး Jeon Mi Sun ဘယ်လို သတ်သေသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Jeon Mi Seon ဟာ ဇွန်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီ ၄၃ မိနစ်အချိန် ဟိုတယ်အခန်းထဲမှာ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ရဲဋ္ဌာနမှာ စစ်ဆေးပြီး အတည်ပြုခဲ့ပါတယ်။
မင်းသမီးကြီးဟာ 2Days and 1 Night အစီအစဉ်မှာ ပါဝင်ဖို့ Jeonju ကဟိုတယ်တစ်ခု မှာ တည်းခိုနေရင်း အခုလို မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသွားခဲ့တာပါ။
သူမဟာ နာမည်ကျော်ကိုးရီးယားနန်းတွင်းဇာတ်ကား “နေမင်းလမင်း ကြယ်တစ်စင်း” (The moon that embraces the sun) ဇာတ်ကားမှာ နတ်ဆရာမအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကျန်တဲ့ school 2015, Six flying dragons, he is psychometric ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။
ကိုးရီးယားဇာတ်ကားတွေမှာ အမေအဖြစ် ပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသမီးကြီး Jeon Mi Seon သေဆုံးသွားတာဟာ ဇာတ်လမ်းတွဲချစ်သူ ပရိတ်သတ်တွေအတွက် အမေ တစ်ယောက် သေဆုံးသွားသလိုပါပဲ။
source-allkpop
(ပိုပိုလေး)