အိမ်ထောင်ရေးအကြောင်းပြောတိုင်း ငိုကြွေးခဲ့ကြောင်း ပြောပြလာတဲ့ ဆောင်းဟယ်ကျို အသိမိတ်ဆွေတစ်ဦး
27 Jun 2019 1,405 Views
ပရိတ်သတ်ကြီးချစ်တဲ့ Song Song Couple ဟာ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် နှစ်ဦးသဘောတူ လမ်းခွဲဖို့ အတိအလင်းထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ဆောင်းဟယ်ကျိုနဲ့ ခင်မင်ရင်းနှီးသူ အတွင်းလူတစ်ဦးပြောကြားချက်အရ ဆောင်းဟယ်ကျိုဟာ လတ်တလော စိတ်ဖိစီးမှုများပြားတာကြောင့် ၁၁ ပေါင် ကိုယ်အလေးချိန် လျော့ကျသွားကြောင်း သိရှိရပါတယ်။ ဒီအကြောင်းကို Newsen မီဒီယာမှ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ တစ်ဖန် ဆောင်းဟယ်ကျို အတွင်းလူပြောကြားချက်အရ အိမ်ထောင်ရေးနဲ့ ပတ်သတ်လို့ ဆောင်းဟယ်ကျို ဘယ်လို ခံစားနေရတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဆောင်းဟယ်ကျိုနဲ့ ရင်းနှီးသူ တစ်ဦးပြောပြတဲ့ သူမရဲ့ အိမ်ထောင်ရေး အခြေအနေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
“သူ ကိုယ်အလေးချိန်ရုတ်တရက် ကျသွားတာအပြင် ခုနောက်ပိုင်း မျက်နှာသိပ်မကောင်းတာကို မြင်ရတော့ သူ့ကျန်းမာရေးကို အဓိကစိတ်ပူမိတယ်။ ဆောင်းဟယ်ကျိုက နှုတ်နည်းသူတစ်ဦးဖြစ်ပြီး သူမ စိတ်ခံစားချက်တွေကို သိပ်ပြီးထုတ်ဖော်ပြောလေ့မရှိပေမဲ့ ခုနောက်ပိုင်းမှာ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အကြောင်းတွေပြောမိတိုင်း ငိုလေ့ရှိတယ်၊ သူငိုတာမြင်ရတိုင်း ကျွန်မ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်” ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်က သူမလေဆိပ်မှာ လက်ထပ်လက်စွပ်ဝတ်မလာတာကြောင့် ကွာရှင်းထားတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့စဉ်တုန်းက နောက်ကွယ်က အကြောင်းအရင်းကိုလဲ နောက်ထပ် အတွင်းလူတစ်ဦးက ပြောပြလာပါတယ်။
“သူအဲ့ဒီအချိန်တုန်းက ဝိတ်အများကြီးကျသွားတာကြောင့် လက်မှာ အရိုးပဲရှိတော့တာပါ။ သူမရဲ့ လက်ထပ်လက်စွပ်ဟာ ချောင်နေပြီး ဘယ်လိုမှမတော်တော့တာကြောင့်မဝတ်ဖြစ်ခဲ့တာပါ” ဆိုပြီးပြောလာပါတယ်။
တစ်ဖန် ဆောင်းဂျွန်ကီ Arthdal Chronicles ရဲ့ ဇာတ်ညွှန်းဖတ်ပွဲမှာလက်စွပ်ဝတ်ထားတဲ့ ပုံတက်လာတာဟာ အဆိုပါဓာတ်ပုံက ၂၀၁၈ နွေရာသီလောက်က ရိုက်ခဲ့တာဖြစ်ကြောင်း ထိုနောက်ပိုင်း ဆောင်းဂျွန်ကီလဲ လက်ထပ်လက်စွပ်ဝတ်တာ မတွေ့ရတော့ကြောင်းကို ဆောင်းဟယ်ကျို အတွင်းလူမှ ပြောကြားသွားပါတယ်။
sorce-koreaboo
(ပိုပိုလေး)