Song စုံတွဲအတူနေဖို့ ဝယ်ယူထားတဲ့အိမ်မှာ လူမရှိတာ လချီနေပြီဖြစ်ကြောင်း အိမ်နီးချင်းတစ်ဦးပြောကြား
27 Jun 2019 1,418 Views
ပရိတ်သတ်ကြီးချစ်တဲ့ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ စုံတွဲဟာ တရားဝင် ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးကြေညာလိုက်ပါပြီ။ Song စုံတွဲဟာ ၂၀၁၇ အောက်တိုဘာလမှာ လက်ထပ်ပြီး အတူနေထိုင်ဖို့ ဆိုးလ်မြို့ လူကုံထံများနေထိုင်ရာအရပ် Itaewon မှာ အဆောက်အဦးတစ်လုံးကိုဝယ်ယူခဲ့ပါတယ်။ အဆိုပါ နေအိမ်ဟာ အိမ်နီးချင်းတွေ ပြောပြချက်အရ လူမနေတာ လပေါင်းများစွာကြာမြှင့်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ Song စုံတွဲနေထိုင်တဲ့ နေအိမ်နဲ့ ပတ်သတ်ပြီး အိမ်နီးချင်းတစ်ဦး ဘယ်လိုပြောကြားသွားတယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
DOTS ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေ ချစ်ခင်ခဲ့ကြတဲ့ ဆောင်ဂျွန်ကီတို့ စုံတွဲဟာ လက်ထပ်ပြီး အတူနေထိုင်တဲ့ နေအိမ်မှာ မနေထိုင်ကြကြောင်း အိမ်နီးချင်းတစ်ဦးပြောပြလာပါတယ်။
“ကျွန်မတို့ နေတဲ့လမ်းထိပ်မှာ အမှိုက်ပစ်တဲ့ နေရာရှိပါတယ်။ ဒီနောက်ပိုင်း ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ နေတဲ့ အိမ်ကနေ အမှိုက်လာပစ်တာမျိုး မမြင်တွေ့ရတာ တော်တော်လေးကြာနေပါပြီ” ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။
Song စုံတွဲဟာ လတ်တလော ထုတ်ပြန်ချက်အရ ရန်ဖြစ်အငြင်းပွားတဲ့ နည်းလမ်းထက် အေးအေးဆေးဆေး လမ်းခွဲလိုကြောင်း သိရပါတယ်။ ဘယ်လို ဆက်လက်ဖြေရှင်းမယ်ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
source-koreaboo
(ပိုပိုလေး)