BEC-TERO TV

LGBT(လိင်တူချစ်သူများ) ကိုထောက်ခံကြောင်းပြသခဲ့တဲ့ ကမ္ဘာကျော်ကုန်ပစ္စည်းအမှတ်တံဆိပ်များ

26 Jun 2019     2,015 Views


နှစ်စဉ်နှစ်တိုင်း ဇွန်လပိုင်းဟာဆိုရင် LGBT (ခေါ်) လိင်တူချစ်သူများရဲ့ Pride month ပဲဖြစ်ပါတယ်။ LGBT ရဲ့အရှည်ကောက်ကတော့ L က lesbian, G က Gay, B က Bisexual , T ကတော့ transgender တို့ဖြစ်ပါတယ်။ လိင်တူချစ်သူတွေဟာ ၁၉၆၉ ဇွန်လ ၂၈ ရက်နေ့၊ နယူးယောက်စီးတီး မဟန်တန်မြို့မှာ သာမန်လူများနဲ့ တန်းတူ အခွင့်အရေးရရှိဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါကြောင့် ဇွန်လပိုင်းကို LGBT တွေသူတို့ကိုယ်သူတို့ gay ဆိုတာ ထုတ်ဖော်ပြောကြားတဲ့လ coming out လုပ်တဲ့လ၊ ဂုဏ်ယူရတဲ့ လတစ်လဖြစ်လို့ Pride Month ဆိုပြီး အမည်တပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ၂၀ ရာစုကျော်လွန်ပြီး ၂၁ ရာစုရောက်ရှိတဲ့ ကာလတွေမှာတော့ LGBT ကိုလူတော်တော်များများ လက်ခံလာကြပါပြီ။ ကမ္ဘာကျော် လူပဂ္ဂိုလ်တွေထဲမှာလဲ LGBT တွေ ပါဝင်ကြပြီး LGBT ဟာ သာမန်ဖြစ်ကြောင်းကို လူထုကလဲ လက်ခံလာကြပါပြီ။ ဒီလို LGBT ရော normal တွေပါ တသားတည်းဖြစ်ကြောင်း LGBT ကို ထောက်ခံကြောင်း ကမ္ဘာကျော် ကုန်ပစ္စည်းအမှတ် တံဆိပ်တွေက သက်သေပြလာကြပါတယ်။ LGBT ကို ထောက်ခံအားပေးတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေက ဘာတွေဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Starbuck

ကမ္ဘာကျော် coffeehouse chain တစ်ခုဖြစ်တဲ့ Starbuck ဟာ lgbt အလံကို လွှင့်ထူခဲ့ပြီး Pride Alliance ဆိုတဲ့ Pin လေးတစ်ခုကိုလဲ မျှဝေခဲ့ပါတယ်။

Adidas

အားကစားအသုံးအဆောင်ပစ္စည်းများထုတ်လုပ်တဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Adidas ဟာ Lgbt တွေရဲ့ Pride Month အထိမ်းအမှတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ Pride Pack အမည်ရတဲ့ Lgbt အရောင်ပါတဲ့ ဖိနပ်ဒီဇိုင်းအသစ်များ ထုတ်လုပ်ပေးလိုက်ပါတယ်။

Nike

နာမည်ကြီး အားကစားကုန်ပစ္စည်းတံဆိပ် Nike မှလဲ လိင်တူချစ်သူတွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်နဲ့ ဖိနပ်များ ထုတ်လုပ်ပေးခဲ့ပါတယ်။

Banana Republic

Banana Republic မှလဲ love is love ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ကျီများ ထုတ်လုပ်ခဲ့ပါတယ်။

Under Armour

Under Armour အမှတ်တံဆိပ်မှလဲ United We win ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အဝတ်အထည်များထုတ်လုပ်လာပါတယ်။

Calvin Klein

Calvin Klein မှလဲ Wear Yours With Pride ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ကုန်ပစ္စည်းအသစ်များထွက်ရှိလာပါတယ်။

Everlane

Everlane ကတော့ လိင်တူချစ်သူတွေလဲ ၁၀၀ ရာခိုင်နှုန်း လူသားစစ်စစ်ဖြစ်ကြောင်းပြသဖို့ 100% human ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ကျီထုတ်ခဲ့ပါတယ်။

H&M

ကမ္ဘာကျော် ကုန်ပစ္စည်းအမှတ်တံဆိပ် H&M ကတော့ Pride out loud ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အဝတ်အထည်များ ထုတ်လုပ်ထားပါတယ်။

အထက်ပါ နာမည်ကျော် brands များဟာ lgbt နဲ့ ပတ်သတ်ပြီး သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ ရောင်းချရတဲ့ ပိုက်ဆံများကို lgbt အဖွဲ့အစည်းတွေကို လှူဒါန်းကာ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းကိုလဲ အသိပေးကြေညာထားပါတယ်။

(ပိုပိုလေး)

 

 

 

 


26 Jun 2019     2,015 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS