“ပီကာချူး” လိုချင်လို့ အရုပ်ကောက်စက်ထဲမှာ ညပ်နေခဲ့တဲ့ ၃ နှစ်သမီးလေး (ရုပ်သံ)
26 Jun 2019 1,672 Views
အရုပ်တွေကို ချစ်တာ၊ မြင်ရင်လိုချင်ကြတာ ကလေးတွေရဲ့ သဘာဝပါ။ ‘ပွတ်ကြီမွန်’ ကားတွန်းဇာတ်ကားထဲက အရမ်းချစ်စရာကောင်းတဲ့ ‘ပီကာချူး’ ဇာတ်ကောင်လေးက လက်တလောမှာ ခေတ်စားနေပါတယ်။
ဒီလို ချစ်စရာကောင်းတဲ့ ‘ပီကာချူး’ အရုပ်တွေကို အရုပ်ကောက်စက်ထဲမှာ တွေ့ရပြီး လိုချင်စိတ် အားကြီးခဲ့တဲ့ ၃ နှစ်သမီးလေးဟာ အရုပ်ကောက်စက်ပေါ်ကို တွယ်တက်ပြီး အထဲဝင်ယူရာကနေ ပြန်ထွက်လို့ မရတော့ပဲ ညပ်နေခဲ့တဲ့ အဖြစ်ပျက်တစ်ခု တစ်ရုတ်နိုင်ငံ ဂွမ်ဒေါင်းမှာရှိတဲ့ စျေးဝယ်စင်တာတစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြတ်သွားဖြတ်လာသူတွေက ကလေးလေး အရုပ်ကောက်စက်ထဲမှာ ညပ်နေတာကို မြင်တဲ့အခါ အရမ်းအံ့သြသွားကြပါတယ်။ အဲဒီနောက် ရဲကို ဖုန်းဆက် အကြောင်းကြားခဲ့ကြပါတယ်။ ရဲတွေနဲ့ စင်တာလုံခြုံတွေ ရောက်လာပြီး ကလေးကို အရုပ်ကောက်စက်ထဲကနေ အပြင်ပြန်ထုတ်ဖို့ နာရီဝက်ခန့် အချိန်ကြာခဲ့ပါတယ်။
ကလေးရဲ့မိခင်က သူမဟာ အခြားကလေး နှစ်ယောက်ကို ထိန်းရင်း အလုပ်ရှုပ်နေတုန်း သူ့သမီးအကြီးမ လှစ်ကနဲပျောက်သွားတာ ဖြစ်တယ်လို့ ရဲတွေကို ဖြေရှင်းချက် ပေးခဲ့ပါတယ်။ ရုပ်သံမှာတော့ ကလေးမလေးဟာ အရုပ်ကောက်စက်ရဲ့ တုံကင်ပြားတွေ ထည့်တဲ့အပေါက်ထဲ အနီးက အရုပ်ထွက်အပေါက်မှာ ညပ်နေတာကို ထူးဆန်းစွာ မြင်တွေ့ရပါတယ်။
အဆိုပါရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး လူအချို့က ကလေးကို အပြစ်မမြင်ကြပဲ လူကြီးတွေတောင် ဒီအရုပ်တွေကို မြင်ရင်လိုချင်တဲ့ စိတ်မထိန်းနိုင်ဖူးလို့ ဝင်ရောက် မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။