BEC-TERO TV

ကိုယ့်ကိုကိုယ့်အဆုံးစီရင်သွားတဲ့ကောင်လေးကြောင့် LGBT တွေဘက်ကနေ အပြည့်အ၀ရပ်တည်လိုက်တဲ့ နေခြည်ဦး

25 Jun 2019     1,498 Views


ကျား၊မ ဆိုတဲ့ ဖိုမသဘာဝကိုကျော်လွန်ပြီး လိင်တူခြင်းချစ်ကြိုက်ကြတဲ့ လူတန်းစားတစ်ရပ်ဟာ ဟိုးယခင်ကတည်းကရှိခဲ့ကြပေမယ့် ယခုလိုတိုးတက်လာတဲ့ခေတ်ကြီးမှာ LGBT ဆိုတဲ့ လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုက ပိုမိုကြီးမားကျယ်ပြန့်လာသလို ကမ္ဘာအရပ်ရပ်မှာလဲ လူ့အခွင့်အရေးဆိုင်ရာအရ LGBT တွေကိုထောက်ခံအားပေးသူတွေလည်း အများအပြားရှိလာပါပြီ။ သို့ပေမယ့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ရှေးရိုးအစဉ်အလာတွေကို စဉ်ဆက်မပြတ်ထိန်းသိမ်းနေတဲ့နိုင်ငံတွေမှာတော့ LGBT လူတန်းစားတွေကို ကဲ့ရဲ့ရှုံ့ချနေတုန်းပါ။ ထိုထဲတွင် မြန်မာနိုင်ငံကလည်း တစ်နိုင်ငံအပါအ၀င်ဖြစ်လို့နေပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

လတ်တလောလူမှုကွန်ယက်မှာတော့ စိတ်မကောင်းသတင်းဆိုးကြီးတစ်ခုက ပျံ့နှံ့လို့နေပါတယ်။ အဲ့တာကတော့ ပြီးခဲ့တဲ့ရက်က အသက် (၂၀) ကျော်လူငယ်လေး မောင်ကျော်ဇင်ဝင်းရဲ့ ကိုယ့်ကိုကိုယ်သေကြောင်းကြံကာ အဆုံးစီရင်သွားတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။ လိင်တူချစ်သူ LGBT တစ်ယောက်ဖြစ်တဲ့ ထိုလူငယ်လေးဟာ သူကျင်လည်နေရတဲ့ပတ်ဝန်းကျင်ကလူတွေရဲ့ ကဲ့ရဲ့ရှုံ့ချမှု ဖိအားတွေကိုမခံနိုင်တော့တာကြောင့် လူ့လောကကြီးထဲကထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပြီး ဆေးသောက်ကာကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တာဖြစ်ပါတယ်။ ယခုလိုလုပ်ဖို့ တွန်းအားတစ်ခုလိုဖြစ်စေခဲ့တဲ့ အကျင့်ဆိုးတွေနဲ့ ပတ်ဝန်းကျင်ကလူတွေအကြောင်းကို မသေဆုံးခင်က သူ့ရဲ့ဖေ့စ်ဘွတ်ကနေ နောက်ဆုံးအနေနဲ့ရေးသားသွားခဲ့ပါတယ်။ ထိုအဖြစ်အပျက်ကြီးက LGBT လောကတစ်ခုလုံးကို တုန်လှုပ်ရိုက်ခတ်စေခဲ့သလို ဆိုရှယ်မီဒီယာအသုံးပြုသူတိုင်းကိုလည်း အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုတွေကို မခံနိုင်တော့လို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တဲ့ ထိုကောင်လေးကြောင့် LGBT အသိုင်းအ၀ိုင်းကလူတွေအကုန်လုံး ၀မ်းနည်းစိတ်မကောင်းဖြစ်နေကြသလို လူ့အခွင့်အရေးဆိုင်ရာအရ LGBT တွေဘက်ကနေ ထောက်ခံအားပေးကြတဲ့သူတွေလည်း ပိုမိုများပြားလာခဲ့ပါတယ်။ ထိုထဲတွင် ပရိသတ်အချစ်တော် Beauty Blogger တစ်ဦးလဲဖြစ် Social influencer တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦးလဲအပါအ၀င်ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ဟိုအရင်ကတည်းက LGBT တွေကို ထောက်ခံအားပေးနေသူဖြစ်ပြီး ယခုလိုဖြစ်ပျက်လာချိန်မှတော့ LGBT အသိုင်းအ၀ိုင်းကြီးတစ်ခုလုံးဘက်ကနေ အခိုင်အမာရပ်တည်လိုက်တာဖြစ်ပါတယ်။

LGBT တွေကို သူမရဲ့မိသားစုတစ်ခုလို သဘောထားကြောင်းနဲ့ LGBT ဘက်ကနေ အပြည့်အ၀ရပ်တည်ကြောင်းကို ယခုလိုပဲရေးသားပြောဆိုလိုက်ပါတယ်။ နေခြည်က “လူတစ်ယောက်က ကိုယ့်ရဲ့ယုံကြည်ရာ၊ ကိုယ့်ရဲ့ထင်မြင်ချက်ကိုတောင် ဒီလူ့ဘောင်အသိုင်းအဝိုင်းမှာ ရဲရဲဝင့်ဝင့်ချပြဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ကိုယ့်ရဲ့ဖြစ်တည်မှုကိုပါ ချပြနေတဲ့လူတွေကို နေခြည် support လုပ်တယ်၊ ချစ်လဲချစ်တယ်။ GAY ဖြစ်မှ #LGBT ကို support လို့ရတာမဟုတ်ဘူးလေ။ နေခြည်တို့လို straight ဖြစ်ပေမယ့် #LGBT community တစ်ခုလုံးကို support လုပ်နေကြတဲ့သူတွေ အသိုင်းအဝိုင်းမရွေး အဆင့်အတန်းမရွေးမှာလဲ ရှိနေကြတယ်ဆိုတာ အဆင်သင့်မဖြစ်သေးတဲ့သူတွေကော ထုတ်ပြချင်ပေမယ့် ထိုးနှက်မှုဒဏ်ကိုကြောက်လို့ မဝင့်မရဲဖြစ်နေတဲ့သူတွေကိုကောကိုပါ သိစေချင်တယ်။ Stand Up High and Stay Strong. I love you for who you are and i support you just like my family. LET LOVE WINS” ဆိုပြီးရေးသားကာ LGBT တွေဘက်ကနေ အခိုင်အမာရပ်တည်လိုက်တာပဲဖြစ်ပါတယ်။

စကားတစ်ခွန်းဟာ လူကိုသေစေနိုင်တယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့အပြောကို မောင်ကျော်ဇင်ဝင်းရဲ့အဖြစ်အပျက်က ဥပမာပေးသွားသလိုပါပင်။ ဒါ့ကြောင့် LGBT တွေလည်း လူထဲကလူသားပဲမို့ ထောက်ခံမအားပေးရင်တောင် ကဲ့ရဲ့ရှုံ့ချမှုတွေပြုလုပ်ပြီး သူတစ်ပါးဘ၀ကိုပျက်စီးစေကြောင်းတွေတော့ မပြုလုပ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။ ပိုပိုလေးပရိသတ်ကြီးရော LGBT တွေနဲ့ပတ်သက်ပြီး ဘယ်လိုထင်မြင်မိပါသလဲ။

 

(ပိုပိုလေး)

 


25 Jun 2019     1,498 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment