မက်စီ ၊ ရော်နယ်ဒို တို့တောင် သွင်းယူနိုင်ခဲ့ဖူးခြင်းမရှိတဲ့ သွင်းဂိုးမျိုးကို သွင်းယူပြနိုင်ခဲ့တဲ့ ဖလက်ဟန်း အသင်းနောက်ခံလူ ဟေးရို ဟူလွန်
24 Jun 2019 1,567 Views

မက်စီ ၊ ရော်နယ်ဒို တို့တောင် သွင်းယူနိုင်ခဲ့ဖူးခြင်း မရှိတဲ့ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ဖရီးကစ် သွင်းဂိုးကို မနေ့က ကစားခဲ့တဲ့ မလေးရှား Cup ဖလား ပြိုင်ပွဲမှာ ဖလက်ဟန်း အသင်းနောက်ခံလူ ဟေးရို ဟူလွန်ဟာ သွင်းယူပြနိုင်ခဲ့ပါတယ်။ ဖလက်ဟန်းအသင်းဟာ မိနစ်၉၀ အထိ ပဲရေ့ အသင်းကို ၂-၁ ဖြင့် ဦးဆောင်နိင်ခဲ့ပါတယ်။ ထို့နောက် ပွဲပြီးခါနီး အချိန်ပိုမိနစ်မှာ ဖလက်ဟန်း အသင်းဟာ ကွင်းလယ်လောက်မှာ ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။
ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို ဖလက်ဟန်း အသင်းနောက်ခံလူ ဟေးရို ဟူလွန်ဟာ ကွင်းလယ်လောက်ကနေ ဂိုးထဲ့ကို တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပြီး တစ်ဖက်အသင်း ဂိုးသမား ဘယ်လိုမှ တားဆီးနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုး လုံးဝကို လှပသေသပ်တဲ့သွင်းဂိုး တစ်ဂိုးဖြစ်ခဲ့ပြီး ဘောလုံးဘောကမှာ ရှားပါးသွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ထို့ဂိုးကို သွင်းယူနိင်ခဲ့ပြီးနောက် ပရိတ်သတ်တွေဟာ ဆွံ့ အ သွားတဲ့ အထိအံ့အားသင်းခဲ့ရပြီး ပြိုင်ဘက်အသင်း ပရိတ်သတ်တွေကပါ လက်ခုတ်တီးအားပေးခဲ့ကြပါတယ်။
အဆိုပါ ဟေးရို ဟူလွန်၏ သွင်းဂိုးဟာ အကောင်းဆုံးသွင်းဂိုးဆု ပူကပ်ဆုစာရင်းထဲ့မှာ ပါဝင်လာတော့မှာပဲ ဖြစ်ပါတယ်။ မလေးရှားကလပ်အသင်းတွေဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ သွင်းဂိုးတွေကို သွင်းယူလေ့ရှိတဲ့ လိဂ်တစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်က ပူကပ်ဆုကို မလေးရှားကလပ် ပီနပ်အသင်းက ကွင်းလယ်ကစားသမား Mohd Faiz Subri ကတစ်ကြိမ်ရရှိဖူးပါတယ်။
အသက် ၃၁ နှစ်အရွယ် ပြင်သစ်သားကြီး ဟေးရို ဟူလွန်ဟာ တစ်ချိန်က နာမည်ကြီးကလပ်တွေဖြစ်တဲ့ ဘလက်ဘန်း အသင်း နှင့် မယ်ဒယ်ဘရော့ အသင်းတို့မှာကစားခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ ဟူလွန်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ အင်္ဂလန်ကလပ် မယ်ဒယ်ဘရော့အသင်းနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း မယ်ဒယ်ဘရော့အသင်းမှာ အောင်မြင်ခဲ့ခြင်းမရှိတာကြောင့် ၂၀၀၈ ခုနှစ်မှာ လီမန်းအသင်းကို ပြောင်းရွေ့ ကစားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အင်္ဂလန်ကလပ် ဘလက်ဘန်းအသင်းကိုတော့ ပြန်လည်ရာက်ရှိလာပြီး ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ထို့နောက် ပိုလန် ၊ ဂရိ ၊ ရိုမေးနီးယား ၊ ဆိုက်ပရပ် နိုင်ငံတွေမှာ လှည့်ပတ် ဘောလုံးကစားနေပြီး လက်ရှိမှာ မလေးရှား ကလပ်အသင်းဖြစ်တဲ့ ဖလက်ဟန်းအသင်းမှာ ကစားနေတာဖြစ်ပါတယ်။
ပွဲပြီးချိန်မှာ ဖလက်ဟန်းအသင်းဟာ ပဲရေ့ အသင်းကို ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ဖလက်ဟန်းအသင်းဟာ မလေးရှား Cup ဖလား ပြိုင်ပွဲ ပ-ကျော့မှာ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းဖို့ အခြေအနေကောင်းခဲ့ပါတယ်။