Yang Hyun Suk နှုတ်ထွက်ပြီးနောက် CEO အသစ်ကို ကြေညာလိုက်ပြီဖြစ်တဲ့ YG Entertainment
20 Jun 2019 1,411 Views
YG Entertainment ဟာမူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သတ်မှုနဲ့ Dispatch Media ရဲ့ ဖွင့်ချမှုကို ခံခဲ့ရပြီး CEO ဖြစ်တဲ့ Yang Hyun Suk နဲ့ Yang Min Suk တို့ ညီအစ်ကို နှစ်ဦးဟာ ရာထူးမှနှုတ်ထွက်သွားခဲ့ပါတယ်။ YG ပြိုလဲလုနီးပါး ဖြစ်နေစဉ်မှာ သူတို့ ကုမ္ပဏီက နာမည်ကျော် သရုပ်ဆောင်များနဲ့ မော်ဒယ်များကို အေဂျင်စီပြောင်းဖို့ ကမ်းလှမ်းနေကြသူတွေကလဲ အများအပြားရှိလှပါတယ်။ ယခင် YG CEO Yang Hyun Suk ဟာ Big Bang အဖွဲ့ဝင် Seungri ရဲ့ အမှုကိစ္စမှာ ပါဝင်ပတ်သတ်နေပြီး မူးယစ်ဆေး အမှုတွေမှာလဲ ပါဝင်ပတ်သတ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး ကုမ္ပဏီရဲ့ ရှယ်ယာဈေးတွေလဲ အချိန်နဲ့ တပြေးညီ ကျဆင်းလျက်ရှိနေပါတယ်။ ဒီလို ပြိုလဲနေတဲ့ YG ကို ပြန်လည်ထူထောင်နိုင်အောင်လုပ်ပေးမယ့် အမျိုးသမီး CEO အသစ်တစ်ယောက် ပေါ်ထွက်လာပါပြီ။ သူမက ဘယ်သူဖြစ်မလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဇွန်လ ၄ ရက်နေ့မှာ YG Entertainment ရဲ့CEO Yang Hyun Suk ကုမ္ပဏီမှာရှိတဲ့ ရာထူးအားလုံးမှ နှုတ်ထွက်သွားခဲ့ပြီး ညီဖြစ်သူ Yang Min Suk ကလဲ ဒါရိုက်တာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပါတယ်။
ဒါကတော့ Yang ညီအစ်ကို ထွက်သွားပြီးနောက် ကျဆင်းသွားတဲ့ YG ရဲ့ရှယ်ယာဈေးနှုန်းပဲဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့မှာတော့ YG Entertainment ရဲ့ ဘုတ်ဒါရိုက်တာအဖွဲ့ဟာ အသစ်ခန့်အပ်မယ့် CEO အသစ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူမနာမည်က Hwang Bo Kyung ဖြစ်ပြီး YG ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။
“ဒီလိုအခြေအနေမျိုးမှာ ဒီရာထူးကို လွှဲပြောင်းရယူလိုက်ရတာဟာကျွန်မအတွက် တာဝန်ပိုကြီးသွားတာပါပဲ။ YG Entertainment ဒီထက်ပိုပြီး တိုးတက်အောင်မြင်အောင် အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ CEO Hwang Bo Kyung မှပြောကြားသွားပါတယ်။
CEO Hwang Bo Kyung(ဝဲဘက်မှ)
Hwang Bo Kyung ဟာ YG Entertainment ကို ၂၀၀၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး executive director နဲ့ CFO ရာထူးနဲ့ အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်YG ဟာ CEO အသစ်လဲရှိသွားပြီမို့ နှုတ်ထွက်ဖို့ ပြင်ဆင်နေတဲ့ အနုပညာရှင်တွေကို ကုမ္ပဏီမှထွက်မသွားအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။
Source-allkop
(ပိုပိုလေး)