BEC-TERO TV

အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး ကွဲလွဲနေတဲ့ သင်းသင်းနဲ့ ဝေဠုကျော်ရဲ့ပြောကြားချက်

20 Jun 2019     1,588 Views


ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်နဲ့ အလှမယ်သင်းသင်းတို့ရဲ့အမှုကတော့ တိုင်းသိပြည်သိအမှုတွဲကြီးတစ်ခုဖြစ်သလို အနုပညာရှင်တွေနဲ့ ပရိသတ်အားလုံးရဲ့စိတ်ဝင်တစားစောင့်ကြည့်ခြင်းကိုခံထားရတဲ့ အမှုတစ်ခုလည်းဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ရုံးချိန်းများဖြင့် စစ်ဆေးနေဆဲဖြစ်တဲ့ ဝေဠုကျော်ရဲ့အမှုမှာတော့ တရားလိုဖြစ်သူသင်းသင်းဘက်မှ ပြီးခဲ့တဲ့ရုံးချိန်း၌ သက်သေခံပစ္စည်းများကိုတင်းသွင်းခဲ့ပါတယ်။ သက်သေခံပစ္စည်းများတွင် ဝေဠုကျော်နှင့်သင်းသင်းတို့နှစ်ယောက် သံဝါသပြုနေချိန်၌သွင်းထားခဲ့သည့် အသံဖိုင်များပါဝင်ခဲ့ပြီး ထိုအသံဖိုင်ကိစ္စကြောင့် ဝေဠုကျော်တို့ရဲ့အမှုက လူစိတ်ဝင်စားခြင်းအမြင့်ဆုံးဖြစ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းအပြီး အင်တာဗျူးတွေမှာတော့ သင်းသင်းက သူမရဲ့ဖုန်းမှာ Auto Record ဖြစ်နေတာကြောင့် အသံတွေက ဖမ်းယူထားသလိုဖြစ်နေတယ်ဆိုပြီး ပြောကြားခဲ့သလို ဝေဠုကျော်မှ သွင်းခိုင်းထား၍ အသံဖိုင်ဖမ်းယူထားရခြင်းဖြစ်တယ်လို့လဲ ပြောကြားခဲ့ပါတယ်။ ထိုအသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး တရားခံဖြစ်သူ ဝေဠုကျော်မှ သူသွင်းခိုင်းခဲ့တာမဟုတ်ကြောင်းကို ဇွန်လ (၁၉) ရက်နေ့မှာ တက်ရောက်ခဲ့တဲ့ရုံးချိန်း၌ ငြင်းဆိုပြောသွားခဲ့ပါတယ်။

အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုရဲ့အမေးကို ဝေဠုကျော်က “အသံဖိုင်က ကျွန်တော်သွင်းခိုင်းထားတာမဟုတ်ပါဘူး။ သွင်းချင်ရင် ကျွန်တော့်မှာလည်း ဖုန်းရှိတာပဲ ကျွန်တော်သွင်းမှာပေါ့” ဆိုကာ အသံဖိုင်သွင်းခိုင်းတယ်ဆိုတဲ့ကိစ္စကို ငြင်းဆိုပြောကြားသွားခဲ့ပါတယ်။

သင်းသင်းဘက်မှလည်း ရုံးချိန်းအပြီးအင်တာဗျူးတွင် “သင်းသင်းက ပါးစပ်အပြောလဲမဟုတ်ဘူး၊ လေလည်း မဟုတ်ဘူး။ တရားခံဖြစ်တဲ့ ဝေဠုကျော်က ကိုယ်တွဲလာတဲ့ ၆ လကျော် ၇ လအတွင်းမှာ ကိုယ့်ရည်းစား၊ ကိုယ်တွဲခဲ့တဲ့ချစ်သူတစ်ယောက်အနေနဲ့ သူ့မှာဘယ်လိုမျိုးစိတ်ဓာတ်ရှိတယ်ဆိုတာ ကိုယ့်ထက်ဘယ်သူကသိနိုင်ဦးမှာလဲ။ သူက ဒါတွေအရမ်းဝါသနာပါတယ်၊ အဲ့လိုပေါ့ ကိုယ်နဲ့ဆက်ဆံတာ၊ နေရတာ သူဘယ်လိုမျိုးကြိုက်တယ်ဆိုတာပေါ့။ တဏှာကိစ္စနဲ့ပတ်သက်ရင် သူကအရမ်းဝါသနာပါတယ်။ အဲ့တော့ ဘာပြောလဲဆိုတော့ ဒီကိစ္စကိုလည်းသူက အသံဖိုင်သွင်းခိုင်းထားတယ်။ ဒါပေမယ့်ပြောချင်တာက တစ်ချို့တွေက နားလည်မှုလွဲနေတယ်။ ဖုန်းက Auto record၊ ဒီအသံဖမ်းတာကကျ Record ဖမ်းထားတာ။ အသံဖိုင်က သူ့ဆီမှာလည်းရှိပါတယ်။ ကိုယ်တွေက မိန်းကလေးဆိုတော့ ဒါကြီးကိုဘယ်လိုလုပ်ပြီးဖမ်းထားမလဲ။ သူကိုယ်တိုင်က ဒါတွေကိုအရမ်းလိုက်စားတယ်။ သူနဲ့ကိုယ်နဲ့ဝေးတဲ့အချိန်ကျရင် သူက အဲ့ဖီလင်ကို အရမ်းခံစားချင်တယ်ဆိုတော့လေ။ အဲ့အသံဖိုင်က သူ့ဆီမှာလည်းရှိပါတယ်။ ကိုယ့်ဆီမှာလည်းရှိပါတယ်” ဆိုကာ အသံဖိုင်သွင်းခိုင်းထားတဲ့ ဝေဠုကျော်ရဲ့စိတ်ထားတစ်ချို့ကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အသံဖိုင်ကိစ္စနဲ့ပတ်သက်ပြီး ပြောကြားသွားတဲ့ သူတို့နှစ်ယောက်ရဲ့ကွဲလွဲချက်တွေကြောင့် စောင့်ကြည်နေကြတဲ့ပရိသတ်တွေကြား ဝေဖန်မှုတွေနဲ့ အမျိုးမျိုးပြောဆိုနေကြသလို ဘယ်သူအမှား၊ ဘယ်သူအမှန်ဆိုပြီး အမြန်ဆုံးပေါ်ပေါက်ဖို့ကိုလည်း ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ပိုပိုလေး ပရိသတ်ကြီးကရော သူတို့နှစ်ယောက်ရဲ့ပြောကြားချက်တွေအပေါ် ဘယ်လိုမျိုးသုံးသပ်ထင်မြင်မိပါသလဲ…

 

Source_Cele Yatkwat 

(ပိုပိုလေး)


20 Jun 2019     1,588 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS