BEC-TERO TV

BTS’s V ကြောင့်လာရောက်လည်ပတ်သူဦးရေ များပြားလာတဲ့ ဘူဆန်မြို့က ပန်းခြံလျှောက်လမ်း

20 Jun 2019     1,574 Views


ကမ္ဘာကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ BTS ဟာဆိုရင် တောင်ကိုးရီးယားနိုင်ငံမှာသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ BTS အဖွဲ့ဟာ လတ်တလောမှာ 5th Muster fan meeting ပြုလုပ်ဖို့ ဘူဆန်မြို့ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ BTS အဖွဲ့ဝင် V ဟာ ဘူဆန်မြို့ရောက်တုန်း ပန်းခြံတစ်ခုထဲ သွားရောက်လည်ပတ်ခဲ့တဲ့ ပုံများကို တွစ်တာမှာတင်ခဲ့ပါတယ်။ V တစ်ယောက် ဘယ်ပန်းခြံမှာ သွားရောက်လည်ပတ်ခဲ့တယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

BTS အဖွဲ့ဝင် V ဟာ Si Min ပန်းခြံကို သွားရောက်လည်ပတ်ခဲ့ပြီး အဆိုပါပန်းခြံဟာ ယခုဆိုရင် တွစ်တာနဲ့ google မှာ ရှာဖွေမှု အများဆုံးဖြစ်နေပါပြီ။

ပန်းခြံရှိ ဝန်ထမ်းအချို့ဟာ V  မတ်တပ်ရပ်ဓာတ်ပုံရိုက်ကူးသွားတဲ့ နေရာမှာ ခြေရာ အမှတ်အသား ပြုလုပ်ခဲ့ပြီး “BTS’V ဓာတ်ပုံရိုက်ကူးသွားရာနေရာ” ဆိုပြီး အမှတ်အသားပြုလုပ်ခဲ့ပါတယ်။

ထိုသို့ ပြုလုပ်ပြီးနောက် Si Min ပန်းခြံကို လာရောက်လည်ပတ်သတ်တဲ့ BTS ပရိတ်သတ်များ အများအပြားရှိလာကြပါတယ်။

နိုင်ငံရပ်ခြားမှ BTS fan meeting  အတွက် ဘူဆန်ကို လာရောက်လည်ပတ်သူတွေကလဲ Simin ပန်းခြံကိုလာရောက်ပြီး V ဓာတ်ပုံ ရိုက်ကူးတဲ့နေရာကို လာရောက်လည်ပတ်ကြပါတယ်။ဘူဆန်မြို့ဟာ BTS အဖွဲ့ဝင် Jimin နဲ့ Jung kook တို့ရဲ့ မွေးရပ်ဇာတိမြို့ဖြစ်တာကြောင့် ဘူဆန်သူ၊ ဘူဆန်သားတွေကလဲ ကမ္ဘာကျော်တဲ့ ကလေးတွေအတွက် ဂုဏ်ယူနေကြပါတယ်။

(ပိုပိုလေး)


20 Jun 2019     1,574 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS