ဇွန်လအတွင်း (H1N1) ကြောင့် သေဆုံးသူ (၃) ဦးအထိရှိလာခဲ့ပြီး (H1N1) ကိုဘယ်လိုကာကွယ်ကြမလဲ
20 Jun 2019 1,550 Views

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၉ ခုနှစ် ၊ ဇွန်လအတွင်း H1N1 ကြောင့် သေဆုံးသူ ဦးရေ (၃) ဦးအထိရှိလာခဲ့ပြီလို့ သိရပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးဟာ လေထဲ့မှတစ်ဆင့် ကူးစက်နိုင်တဲ့ နိုင်ပြီး ဝက်တွေတွင် ဖြစ်လေ့ရှိသော တုပ်ကွေး ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ H1N1 ကို အရင်က ဝက်တုပ်ကွေး ရောဂါ (swine flu) လို့အရင်က ခေါ်ဆိုခဲ့ကြပြီး ဝက်တွေနဲ့ထိတွေ ့ဆက်ဆံသူတွေဟာ အဆိုပါရောဂါကို ကူးစက်နိုင်တာဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ H1N1 ဗိုင်းရက်စ်ပိုးဟာ ဝက်တွေနဲ့ ထိတွေမှုမှ မဟုတ်ဘဲ လေထဲ့မှတဆင့် လူအချင်းချင်းကနေလည်း ကူးစက်နိုင်တာကို တွေ ့ရှိရပါတယ်။ H1N1 ရောဂါဟာ ၂၀၀၉ ခုနစ်လောက်မှာ တစ်ကမ္ဘာ လုံးကို မြန်မြန်ဆန်ဆန် ပြန့်ပွားလာခဲ့ပါတယ်။ အဆိုပါ ဗိုင်းရက်စ်ပိုးဟာ လူ ့အသက်ကို အန္တရယ်ပေးနိုင်တဲ့ အထိ ဒုက္ခ ပေးလာပြီး လူတွေ ့ကြောက်ရွံ ့ လာကြပြီး ကာကွယ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဝက်သား ၊ ဝက်အူချောင်း ၊ ဝက်သားတုတ်ထိုး တို့ကို စားသောက်ခြင်းမှ ကူစက်တာမျိုးမဟုတ်ဘဲ H1N1 ဟာ ရာသီပြောင်းတုပ်ကွေး ရောဂါတွေလို့ နှာချေခြင်း ၊ ချောင်းဆိုခြင်း ၊ လေထဲမှ အမှုန့်အမွားတွေမှ တစ်ဆင့်ကူးစက်စေနိုင်ပါတယ်။
Photo 7 days
ရောဂါတစ်ခုဖြစ်လာပြီဆိုရင် ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။ ရောဂါ မကူးစက်နိုင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောပါ။ လက်နဲ့ မျက်စိ ၊ နှာခေါင်း ၊ ပါးစပ်တွေကို ထိတွေ ့ကိုင်တွယ်တာတွေ မလုပ်သင့်ပါဘူး ။ တုပ်ကွေးဖြစ်နေတဲ့ သူတွေနဲ့ ထိတွေ ့ကိုင်တွယ်တာမျိုး ၊ အနီးကပ်နေထိုင်တာမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ရောဂါကူးစက်မှု နည်းပါးအောင် လူနေထူထပ်တဲ့ နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။
Photo 7 days