BEC-TERO TV

ဧည့်ပရိသတ် (၅၀၀) ကျော်နဲ့ တစ်ခမ်းတစ်နား ကျင်းပမည့် ရာမို့စ်ရဲ့ မင်္ဂလာပွဲမှာ ဖိတ်ကြားခြင်းမခံရတဲ့ ရော်နယ်ဒို

14 Jun 2019     1,481 Views


ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် နောက်ခံလူ ရာမိုစ့်ဟာ  ယခုအပါတ်မှာကျင်းကမည့် မင်္ဂလာဆောင် အခမ်းအနားအတွက်ပြင်ဆင်နေပြီး ဧည့်ပရိသတ်ပေါင်း (၅၀၀)  ကျော်ဖိတ်ကြားထားတယ်လို့သိရပါတယ်။ ရီးရဲလ်အသင်းမှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၉) နှစ်တာ အတူကစားထားဖူးတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုကိုတော့ ဖိတ်ကြားထားခြင်းမရှိဘူး လို့သိရပါတယ်။

ရာမို့စ်ဟာ ရော်နယ်ဒို ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွေ့ ပြီးနောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်မရှိကြတော့ဘူးလို့ သိရပြီး ရီးရဲလ်မက်ဒရစ်အသင်းကလည်း ရော်နယ်ဒိုကို အသိအမှတ်ပြု အားနည်းခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အသင်းလိုက်ဆုဖလားများ ၊ တစ်ကိုယ်တော့ ဆုတံဆိပ်များ အများအပြားရရှိခဲ့ပြီး အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၄) ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား (၄) ကြိမ် ၊ လာလီဂါအမှတ်ပေးဖလား တို့ကိုလည်းရရှိခဲ့ပါတယ်။

မင်္ဂလာပွဲကို ယခုအပါတ်အတွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာပွဲမှာ ဖျော်ဖြေဖို့ အတွက် ပေါင် (၉) သိန်းနီးပါး ကုန်ကျခံကာ နာမည်ကြီး ဖျော်ဖြေရေးအဖွဲ့  AC / DC အဖွဲ့ကိုလည်း ဖိတ်ကြားထားတယ် လို့သိရပါတယ်။ မင်္ဂလာပွဲအခမ်းအနားမှာ ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ ပီကေး၊ ဂျော်ဒီအယ်လ်ဘာ နဲ့ ရီးရဲယ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းတို့ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ရာမို့စ်ဟာ လက်ရှိ ကလပ် အသင်းဖော်များ ဖြစ်တဲ့ လူးကပ်စ် ဗက်ဇ်ကေး၊ ကေလာ နာဗက်စ်၊ လူကာ မိုဒရစ်တို့ အပြင် အသင်းဖော်များပါဝင်ပြီး အသင်း ဥက္ကဌ ဖလော်ရန် တီနို ပီရက်ဇ်တို့ကိုလည်း ဖိတ်ကြားထားပါသေးတယ်။ ရီးရဲလ်အသင်းနှင့် စပိန်အသင်းဖော်ဟောင်း ကာဆီးလက်ကိုလည်း ဖိတ်ကြားထားပြီး ကာဆီးလက်က နှလုံးရောဂါ အခြေအနေကြောင့် မင်္ဂလာပွဲကို တက်ရောက်ဖို့ မသေချာသေးဘူး လို့သိရပါတယ်။

နာမည်ကျော်တွေဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၏ ဇနီးဖြစ်သူ ဗစ်တိုးရီးယား လည်းတက်ရောက်မှာဖြစ်သလို့ စပိန်အသင်းဖော် ပီကေး၏ ဇနီး နာမည်ကြီး အဆိုတော် ရှာကီရာလည်း တက်ရောက်သွားမှာဖြစ်ပါတယ်။ အသင်းမှာ ၉ နှစ်တာအတူတူ ဆုဖလာတွေယူခဲ့တဲ့ ရော်နယ်ဒို ကိုဘာကြောင့်မဖိတ်ကြားခဲ့တာလဲ ၊ အမုန်းတရာတွေ အဲ့လောက်တောင် ကြီးမားသွားကြတာလား..?


14 Jun 2019     1,481 Views




RELATED

Most Popular of Football

Most Popular of Sport