အိမ်ထောင်ကျခဲ့ဖူးပေမယ့် ကိုယ့်ကိုကိုယ်အပျိုလို့သာ ခံယူထားတယ်ဆိုတဲ့ နန်းမွေစံ
13 Jun 2019 2,006 Views
ရင်ခုန်စွဲမက်ဖွယ်ရာ အချိုးအစားကျလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ Sexy model လောကမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ မော်ဒယ်နန်းမွေစံဟာဆိုရင် Sexy ကျလွန်းတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ပုရိဿတွေကိုတမ်းတမ်းစွဲဖြစ်အောင် ဖမ်းစားထားနိုင်သူဖြစ်ပါတယ်။ ဆရာဝန်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့် ဆေးကုစားခြင်းမရှိပဲ ၀ါသနာပါရာ Sexy model အလုပ်ကိုသာလုပ်ကိုင်နေတဲ့ ဒေါက်တာမလေး မော်ဒယ်နန်းမွေစံကတော့ သူမရဲ့ဝတ်စားဆင်ယင်မှုတို့ကြောင့် ဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းခံလိုက်ရပါတယ်။
>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<
နန်းမွေစံရဲ့ဆေးလိုင်စင်ပိတ်သိမ်းခံလိုက်ရတဲ့သတင်းကတော့ လက်ရှိလူမှုကွန်ယက်ပေါ်မှာ လူစိတ်ဝင်စားမှုအများဆုံးသတင်းတစ်ခုဖြစ်လို့နေပြီး သူမရဲ့ Fan တွေနဲ့ ပရိသတ်တစ်ချို့က သူမအတွက်ဝိုင်းပြီးစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ ထိုကိစ္စတွေဖြစ်ပျက်ပြီးနောက်ပိုင်းမှာတော့ သူမရဲ့ကိုယ်ရေးကိုယ်တာ အတွင်းသတင်းတစ်ချို့က အွန်လိုင်းပေါ်မှာပျံ့နှံ့လို့လာခဲ့ပါတယ်။ အဲ့တာကတော့ အားလုံးက အပျိုလေးလို့သာထင်ထားခဲ့ကြတဲ့ မော်ဒယ်နန်းမွေစံရဲ့ မင်္ဂလာဆောင်ပုံရိပ်တစ်ချို့ပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော် ၂၀၁၄ ခုနှစ်လောက်က ဗိုလ်မှူးတစ်ယောက်ရဲ့ လက်ထပ်ခဲ့တဲ့ သူမရဲ့မင်္ဂလာပုံရိပ်တွေကြောင့် ပရိသတ်တွေအားလုံး အံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ ထိုကိစ္စနဲ့ပတ်သက်လို့ နန်းမွေစံက သူမအနေနဲ့အိမ်ထောင်ပြုဖူးခဲ့ပေမယ့် လက်ရှိမှာတော့ ကိုယ့်ကိုကိုယ် အပျိုတစ်ယောက်လို့သာခံယူထားကြောင်းကို မီဒီယာတစ်ခုကနေ ပြောကြားသွားခဲ့သလို သူမရဲ့အိမ်ထောင်ရေးအကြောင်းကိုလည်း အကြောင်းစုံပြောပြသွားခဲ့ပါတယ်။
နန်းမွေစံက သူမရဲ့အိမ်ထောင်ရေးဟာ တစ်လတောင်မပြည့်ခဲ့ကြောင်းကို “သူနဲ့က မင်္ဂလာဆောင်ခဲ့တာကကြာပါပြီ။ ပေါင်းလိုက်ရတဲ့အချိန်ကတော့ မကြာဘူး၊ သူများတွေတစ်လပေါင်းသလောက်တောင် မရှိခဲ့ဘူး။ မွေစံတို့က Long distance လေ သူကတစ်နေရာ ကိုယ်ကတစ်နေရာဆိုတော့ ဘာမှမထူးဘူး။ အဲ့တာကြောင့် ကိုယ့်ကိုကိုယ်ခံယူထားတယ် လုံးဝအပျိုပဲ” ဆိုကာ အိမ်ထောင်ပြုဖူးပေမယ့် ကိုယ့်ကိုကိုယ် အပျိုလို့သာခံယူထားတယ်လို့ ဆိုပါတယ်။
မင်္ဂလာဆောင်ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့အပေါ်ကိုလည်း “ဒါက တကယ်တမ်းတော့ Personal attack ပဲ။ ဒီလိုမျိုးကိစ္စတွေဖြစ်လာလေ အရင်တုန်းကကိစ္စတွေကိုပါ တူးဖော်လာတာပေါ့။ ဒါတွေက လူတွေရဲ့အကျင့်ပေါ့နော်။ ဒါပေမယ့် အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ဘူး။ အခုကိစ္စက ဘာမှအပြစ်ပြောစရာလည်းမရှိဘူးလေ။ မွေစံက အရင်တည်းက ကိုယ့်ကိုကိုယ်ဘာဆိုပြီး လိမ်ထားတာလဲမရှိဘူး။ အခုလိုဖြစ်လာတော့လည်း အော်ဟုတ်တယ်၊ အဲတာပဲလေ။ သိပ်ဆိုးဆိုးရွားရွား ဘာပြောစရာရှိလို့လဲ ဒါက။ လက်ထပ်တယ် ကွဲတယ်ဆိုတာ တကယ်တော့ဘာမှထူးဆန်းတဲ့ အရာမဟုတ်ဘူး။ ကမ္ဘာပေါ်မှာလည်း လူတိုင်းဖြစ်ပျက်နေကြတာ” ဆိုကာ သူမရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဝေဖန်နေကြတာတွေကို ဒဲ့တိုးပြောသွားခဲ့ပါတယ်။
အိမ်ထောင်ကွဲခဲ့ရတဲ့ အကြောင်းရင်းကိုတော့ “ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုအရမ်းချုပ်ချယ်တယ်၊ နောက်ဆုံး လက်တွေပါပါတယ်။ အဲ့လို မိန်းမတစ်ယောက်ကို လက်တွေဘာတွေပါတယ်ဆိုတာက အဆင်မပြေဘူး။ ဒါက အကြမ်းဖက်တာပဲလေ။ သူများကိုလည်း မကောင်းမပြောချင်ပါဘူး။ အဲ့လိုကိစ္စလေးတွေရှိတယ် ပြီးတော့ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး။ ပြီးတော့ ကိုယ့်ရဲ့ woman right တွေလည်း ပါလာတယ် အဲ့တာကြောင့် ဘယ်လိုမှအဆင်မပြေတော့လို့ ကိုယ်ကိုတိုင်ပဲ ကွာရှင်းခွင့်တောင်းလိုက်တာ။ လုံးဝကင်းရှင်းတာလဲ ကြာပြီ၊ အခုက တစ်ယောက်တည်း သီးသီးသန့်သန့် အေးအေးဆေးဆေးနေတယ်” လို့ အရာအားလုံးကို အေးဆေးတည်ငြိမ်စွာနဲ့ ပြောပြသွားခဲ့ပါတယ်။
သူမကိုဝေဖန်ပြောဆိုနေကြသူတွေကိုလည်း “ဒီကိစ္စပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်တော့လည်း သူ့ဟာသူပြီးသွားမှာပါ။ ဘာပဲပြောပြော ဒီလိုအချိန်တစ်ခုမှာ မွေစံကိုစိတ်ဝင်စားပေးတဲ့ ကျေးဇူးတင်ပါတယ်” ဆိုပြီးပြောသွားသလို သူမကြောင့် အသဲကွဲသွားတဲ့ ယောကျာ်းထုကြီးကိုလည်း “အသဲကွဲရအောင် ဘာမှလည်းမဟုတ်ဘူး။ မွေစံက ကိုယ့်ကိုကိုယ်လုံးဝ အပျိုစစ်စစ်တစ်ယောက်လို့ ကိုယ့်ကိုကိုယ်ခံယူထားတာ။ ဘာလို့ဆို တစ်လတောင်မရှိတဲ့ ဆက်ဆံရေးတစ်ခု တစ်ယောက်ကတစ်နေရာ တစ်ယောက်ကတစ်နေရာနဲ့ အဲ့လိုဝေးနေတဲ့ ဆက်ဆံရေးတစ်ခုမှာ မွေစံက Virgin တစ်ယောက်နီးပါးလို့တောင် ကိုယ့်ကိုကိုယ်ခံယူထားတဲ့အတွက် အသဲကွဲစရာဘာမှမရှိပါဘူး။ ပုံမှန်အတိုင်းဆက်ပြီးအားပေးကြပါ” ဆိုပြီး သူမကိုအရင်အတိုင်းသာ ဆက်လက်အားပေးနိုင်ကြောင်းပြောသွားခဲ့ပါတယ်။
အတိတ်ကိစ္စက အတိတ်မှာသာကျန်ခဲ့ပြီမို့ ပရိသတ်ကြီးက နန်းမွေစံလေးကို ဆက်ပြီးအားပေးနေကြမယ်မလား…
Source_Cele7
(ပိုပိုလေး)