BEC-TERO TV

B.I ကို Ikon မှ မထွက်သွားဖို့ ပရိတ်သတ်ပေါင်း ၃ သိန်းကျော်ခန့် လက်မှတ်ထိုးတောင်းဆို

13 Jun 2019     1,577 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် ကေပေါ့ပ်အဆိုတော်အဖွဲ့ Ikon မှအဖွဲ့ခေါင်းဆောင် B.I ဟာမူးယစ်ဆေးရောင်းသူတစ်ဦးနဲ့ kakaotalk မှာ LSD နဲ့ Marijuana အစရှိတဲ့ ဆေးတွေအကြောင်းမေးမြန်းစုံစမ်းခဲ့ပါတယ်။ ဒီအကြောင်းအရာကို Dispath မှဖော်ထုတ်ခဲ့တာဖြစ်ပြီး B.I ကိုယ်တိုင်ကလဲ သူအမှန်တကယ် ထိုကဲ့သို့ မေးမြန်းခဲ့ကြောင်း အင်စတာဂရမ်မှတစ်ဆင့် ဝန်ခံသွားပါတယ်။ ထို့နောက် B.I ဟာ ဒီကိစ္စအမှန်ဖြစ်ပြီး သူကိုယ်တိုင်အဖွဲ့မှ နှုတ်ထွက်မည်ဖြစ်ကြောင်း အဖွဲ့ဝင်တွေနဲ့ Ikonics များဆီသို့ စာရေးသားခဲ့ပါတယ်။ ဒါပေမဲ့ B.I ကိုချစ်တဲ့ Ikonics များကတော့ ဒီလိုခေါင်းဆောင်ကောင်းတစ်ယောက်ကို အဖွဲ့မှ မထွက်သွားစေလိုတာကြောင့် လက်မှတ်ရေးထိုးပြီး B.I ကိုထွက်မသွားဖို့ တောင်းဆိုခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးခဲ့တဲ့ Ikonics ပေါင်း အရေအတွက်ဘယ်လောက်ရှိမလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<

B.I ဟာ မူးယစ်ဆေး ဝယ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး အမှန်တကယ် သုံးစွဲခြင်းမျိုးမရှိခဲ့ပါဘူး။ လတ်တလောမှ YG Entertainment မှ B.I နဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အတိအလင်းကြေညာခဲ့လိုက်တာကြောင့် B.I တစ်ယောက် အဖွဲ့မှ ထွက်ရဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။

ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Ikonics များနဲ့ များစွာသော kpop ပရိတ်သတ်များ စိတ်မကောင်းဖြစ်ခဲ့ရတာကြောင့် change.org မှတစ်ဆင့် လက်မှတ်များရေးထိုးကာ B.I ကို Ikon မှ ထွက်ခွာမသွားဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပရိတ်သတ်များ ဆိုရှယ်မီဒီယာမှ အချင်းချင်း လက်ဆင့်ကမ်းသွားကြရာက B.I ကိုထွက်မသွားစေဖို့ လက်မှတ်ရေးထိုးသူပေါင်း ၃ သိန်း ၅သောင်းကျော်ခန့် ရှိသွားခဲ့ပါပြီ။ change.org မှ B.I ကိုထွက်မသွားဖို့လက်မှတ် ရေးထိုးရာ လင့်ခ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

https://www.change.org/p/yg-entertainment-hanbin-shouldn-t-have-to-leave-ikon

source-Allkpop

(ပိုပိုလေး)

 


13 Jun 2019     1,577 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS