ဟောလိဝုဒ်ဟာရုပ်ရှင်ကား The intern ကို ကိုးရီးယားဗားရှင်းဖြင့် ပြန်လည်ရိုက်ကူးမည်
11 Jun 2019 1,374 Views
ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင်ဇတ်ကား The Intern ကိုတောင်ကိုးရီးယားမှ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက remake version အနေနဲ့ ပြန်လည်ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ မူရှင်းရုပ်ရှင် The intern မှာတော့ မင်းသားကြီး Robert De Niro နဲ့ Anne Hathaway တို့က ပါဝင်သရုပ်ဆောင်ထားပြီး အသက် ၇၀ ကျော်အဖိုးကြီးဟာ ကုမ္ပဏီတစ်ခုမှာ အသက် ၃၀ ကျော်မိန်းကလေး သူဋ္ဌေးလက်အောက် အလုပ်သင်အနေနဲ့ ဝင်ရောက်အလုပ်လုပ်ကိုင်တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကိုးရီးယား ဗားရှင်းနဲ့ ဘယ်သူတွေက ဘယ်လိုရိုက်ကူးသွားမယ်ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဟောလိဝုဒ်ရုပ်ရှင် The Intern ကို ကိုးရီးယားဗားရှင်းနဲ့ ပြန်လည်ရိုက်ကူးမယ့် ဒါရိုက်တာကတော့ Misaeng,Signal, My Mister , Arthdal Chronicles အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ဒါရိုက်တာ Kim Won Suk ကရိုက်ကူးသွားမှာဖြစ်ပြီး ဒါဟာ သူပထမဦးဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
The intern ကို ကိုးရီးယားဗားရှင်းပြန်လည်ရိုက်ကူးဖို့အတွက် သရုပ်ဆောင် Song Kang Ho ကို အဓိကသရုပ်ဆောင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မင်းသားဘက်မှ ပါဝင်ဖို့ မဖြစ်နိုင်ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ The intern မှာပါဝင်ဖို့ သရုပ်ဆောင်များကို audition ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာ Kim Won Suk မှပြောကြားထားပါတယ်။ The intern ရဲ့ ကိုးရီးယားဗားရှင်းဇာတ်ကားကို ပိုပိုလေးနဲ့အတူ စောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုလေး)