မော်ရင်ဟိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်
10 Jun 2019 1,472 Views

မန်ယူအသင်းနှင့် ချဲလ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟို ဟာ နောက်နှစ်ရာသီမှ ပရီးမီးယားလိဂ် အသင်းတစ်သင်းကို ကိုင်တွယ်သွားဖို့ရှိတယ်လို့ သိတင်းတွေထွက်ပေါ်နေပါတယ်။ မော်ရင်ဟိုကို ခေါ်ယူဖို့ နယူကာဆယ်အသင်းက စိတ်ဝင်စားနေတယ်လို့ သိရပြီး မော်ရင်ဟို က ဒီကိစ္စကို လက်ခံဆွေးနွေးသွားဖွယ်ရှိတယ်လို့ လည်းသိရပါတယ်။
နယူးကာဆယ်အသင်းကို ရှိတ်ခါလက်ဘင်ဇာရက်က ပေါင် (၃၅၀)နှင့် ဝယ်ယူဖို့ သဘောတူညီမှုတွေ ရရှိထားပြီးဖြစ်တာကြောင့် အသင်းကိုပြောင်းလဲပေးနိုင်မည့် နာမည်ကြီး စပါးရှယ်ဝမ်း မော်ရင်ဟို ခန့်အပ်လို့တယ်လို့ သတင်တွေက ထွက်ပေါ်နေတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နယူးကာဆယ်အသင်းကို နည်းပြဘင်နီတက်ကနည်းပြနေပြီး သူ့ လိုချင်တဲ့ ကစားသမားခေါ်ယူမပေးဘူးဆိုရင် ထွက်ခွာမယ်လို့ဆိုတာကြောင့် မော်ရင်ဟိုကို ချဉ်းကပ်လာတာလို့ ဆိုပါတယ်။ နယူးကာဆယ်အသင်းက မော်ရင်ဟိုကို ခေါ်ယူချင်တဲ့အကြောင်းကို မော်ရင်ဟို၏ ရင်းနှီသူတစ်ချို့ထံမှသိပြီး မော်ရင်ဟိုက အဆိုပါကိစ္စကို အလေးထား လက်ခံ ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
“ နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ချင်ပါတယ်။ ဒီကိုရောက်ရှိရတာက ရော့ဘ်ဆင်ရဲ့ အိမ်ကိုအလည်သွားရသလိုပါပဲ။ နယူးကာဆယ်အသင်း ၊ ပရိသတ်တွေ နဲ့ ကစားကွင်းတွေအားလုံးကိုလည်းနှစ်သက်ပါတယ်။ နယူးကာဆယ်အသင်းမှာ တကယ့်ကို ထိပ်တန်းပရိသတ်တွေရှိနေပါတယ်” လို့ မော်ရင်ညိုက ဆိုခဲ့ပြီး နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ အရိပ်အမြွက်တွေကို ဆိုခဲ့ပါတယ်။
မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းနည်းပြဟောင်းတစ်ဦးဖြစ်ပြီး ချဲလ်ဆီးကို အသင်းကြီးတစ်သင်းအဖြစ် တည်ဆောက်ခဲ့တဲ့ ပဲ့ကိုင်ရှင်ဆိုရင်လည်းမမှားပေ။ ထို့ကြောင့် ချဲလ်ဆီးကဲ့သို့ နယူကားဆယ်အသင်းကို အသင်းကြီးတစ်သင်းအဖြစ် မြင်တွေ့ ရတော့မလားဆိုတာ စောင်ကြည့်သွားရမှာဖြစ်ပါတယ်။