မဖြစ်မနေပိုက်ဆံစုသင့်တဲ့ အကြောင်းအရင်း (၇)ချက်
10 Jun 2019 1,935 Views
မိတ်ဆွေ သင်ရောပိုက်ဆံစုနေပြီလား? ပိုက်ဆံစုတဲ့အကျင့်ကို ဘယ်အချိန်ကတည်းက စလုပ်ခဲ့တာလဲ? အခုအချိန်ထိ တစ်ခါမှစုဆောင်းတာမျိုးမရှိသေးဘူးဆိုရင်တော့ စတင်သင့်ပါပြီ။ ပိုက်ဆံ ဘယ်လိုစစုရမလဲမေးရင်တော့ ပိုက်ဆံစုဖို့ နည်းလမ်းရယ်လို့ မရှိပါဘူး။ စပြီးစုဖြစ်သွားဖို့ပဲလိုတာပါ။ ဒီမှာ ပိုပိုလေးကနေ မိတ်ဆွေတို့အတွက် ပိုက်ဆံစုသင့်တဲ့ အကြောင်းအရင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
၁။ အရေးပေါ်အခြေအနေအတွက် ပိုက်ဆံစုပါ။
၂။ မပျော်ရွှင်ရမယ့် အချိန်တွေအတွက်ပိုက်ဆံစုပါ။
၃။ ပညာသင်ဖို့ ပိုက်ဆံစုပါ။
ဘယ်ပညာမျိုးမဆို ပညာရပ်တစ်ခုခုကို အမြဲလိုချင်နေတဲ့သူ၊ သင်ယူတတ်မြောက်ချင်တဲ့သူဟာ ဘယ်တော့မှအိုမင်းမသွားပဲ စိတ်ရောလူပါ အမြဲနုပျိုနေတာမျိုးတွေ့ရမှာပါ။ သင်စိတ်ရော၊ လူပါ အမြဲနုပျိုချင်တယ်ဆိုရင်တော့ အသစ်အသစ်သော ပညာတွေကိုအမြဲသင်ယူနေသင့်ပါတယ်။ ပညာဆိုသည်မှာလဲ အလကားမရတာကြောင့် ပညာသင်နိုင်ဖို့ ပိုက်ဆံစုထားဖို့လိုအပ်ပါတယ်။
၄။ အိမ်ဝယ်ဖို့ ပိုက်ဆံစုပါ။
မြန်မာနိုင်ငံရဲ့ ထုံးတမ်းအစဉ်အလာတွေအရ လူတိုင်းမိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ နေထိုင်ကြရတာဖြစ်ပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်သိပ်မရှိကြတာတွေ့ရမှာပါ။ သင့်ဘဝမှာကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ အိပ်မက်တွေရှိဖူးတယ်ဆိုရင်တော့ အိမ်ဝယ်ဖို့မဖြစ်မနေ ပိုက်ဆံစုထားသင့်နေပါပြီ။
၅။ ခရီးထွက်ဖို့ ပိုက်ဆံစုပါ။
စိတ်ပြေလက်ပျောက်ခရီးထွက်ဖို့ ပိုက်ဆံစုပါ။ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ပဲဖြစ်ဖြစ် အပျော်ခရီးလေးထွက်ဖို့ ပိုက်ဆံလေးတွေကြိုစုထားသင့်ပါတယ်။ ချစ်ခင်ရင်းနှီးသူတွေနဲ့ ခရီးထွက်ရတာဟာ ဘယ်လောက်တောင်ပျော်စရာကောင်းတဲ့ စိတ်ခံစားချက်တစ်ခုလဲနော်။ တွေးကြည့်ရုံနဲ့တင်ကြည်နူးစရာကောင်းလှပါတယ်။ ဒီလို ပျော်ရွှင်မှုမျိုးပိုင်ဆိုင်နိုင်ဖို့ ပိုက်ဆံကြိုစုထားဖို့လိုပါတယ်။
၆။ စီးပွားရေး အကြပ်အတည်းအတွက် ပိုက်ဆံစုပါ။
စီးပွားရေးလုပ်တယ်ဆိုတာ အမြဲကောင်းနေမယ်လို့မပြောနိုင်ပါဘူး။ တက်တဲ့အချိန်ဆိုတာရှိသလို ကျချိန်ဆိုတာလဲ ရှိနိုင်ပါတယ်။ စီးပွားရေးကျဆင်းချိန် အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ကြံ့ခံနိုင်အောင် ပိုက်ဆံကြိုစုထားဖို့လိုပါတယ်။
၇။ ပင်စင်ယူဖို့ ပိုက်ဆံစုပါ။