Blackpink နဲ့တွေ့ဆုံခွင့်ကို အစားထိုးခံလိုက်ရတာကြောင့် ရင်နာခဲ့ခဲ့ကြရတဲ့ ဖိလစ်ပိုင် ပရိတ်သတ်များ
07 Jun 2019 1,385 Views
တောင်ကိုးရီးယား နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ Blackpink ဟာဆိုရင် ခုနောက်ပိုင်းလူငယ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ Blackpink ဟာ အာရှနိုင်ငံများမှာသာမက အနောက်နိုင်ငံတွေအထိပါ ပေါက်မြောက်အောင်မြင်တာကြောင့် ကမ္ဘာလှည့်ပြီး ဖျော်ဖြေရေးပွဲတွေ ပြုလုပ်နေရတဲ့ အဖွဲ့တစ်ဖွဲ့ပါ။ Blackpink ဟာ ယမန်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ဖျော်ဖြေပွဲကျင်းပပြုလုပ်ဖို့ ရောက်ရှိနေခဲ့ပါတယ်။ဇွန်လ၊ ၆ ရက်နေ့မှာ Blackpink fan meeting ပြုလုပ်ခဲ့တာဖြစ်ပြီး အမှန်တကယ် ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များက ရုံထဲသို့ ဝင်ခွင့်မရှိတော့ပဲ သူတို့နေရာမှာ ဖိလစ်ပိုင်ရှိ ဆယ်လီတွေ၊ အနုပညာရှင်တွေကို အစားထိုးလိုက်တာကြောင့် ရင်ကွဲပက်လက် ဖြစ်ခဲ့ကြရပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဖိလစ်ပိုင်မှာရှိတဲ့ Blinks တွေ ဘယ်လို ဆန္ဒထုတ်ဖော်ခဲ့ကြတယ် ဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
Blinks လို့ခေါ်တဲ့ Blackpink ပရိတ်သတ်တွေဟာ fan meeting ပွဲကို တက်ရောက်ပြီး Blackpink နဲ့တွေ့ဆုံနိုင်ဖို့ ငွေကြေးအများကြီးအကုန်အကျခံထားရပေမဲ့ သူတို့နေရာမှာ မင်းသား၊မင်းသမီး ဆယ်လီတွေကို အစားထိုးခံလိုက်ရတောကြောင့် စိတ်မကောင်းဖြစ်နေကြပါတယ်။
ဖိလစ်ပိုင် နိုင်ငံရှိ Shopee အမည်ရှိတဲ့ အွန်လိုင်းလက်မှတ်အရောင်းဝက်ဘ်ဆိုဒ်က သူတို့ဆီက blackpink နဲ့ ပတ်သတ်တဲ့ ကုန်ပစ္စည်းအများဆုံး ဝယ်ယူသူတိုင်းကို fan meeting လက်မှတ်များပေးအပ်ခဲ့ပါတယ်။ ထိုအထဲကမှ အများဆုံး ဝယ်ယူသူ အယောက် ၄၀ က blackpink အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ လက်မှတ်တွေပါဝင်တဲ့ ပိုစတာတွေရရှိကြမှာပါ။
ဒီအခွင့်အရေးတွေကို လက်လွတ်မခံဖို့ blinks တွေဟာ ငွေတွေအများကြီးပုံအောခဲ့ကြပေမဲ့ ပွဲကျင်းပတဲ့ရက်ရောက်တဲ့အခါမှာ သူတို့လက်မှတ်တွေ ဖျက်သိမ်းခံလိုက်ရပါတယ်။ သူတို့နေရာမှာ နာမည်ကျော် မင်းသား၊ မင်းသမီးတွေ social influencers တွေကို အခကြေးငွေမယူပဲ free တက်ရောက်ခွင့်ပေးခဲ့ပါတယ်။ အထဲကို ဝင်ရောက်နိုင်တဲ့ ပရိတ်သတ်အနည်းငယ်ရှိပေမဲ့ သူတို့ကိုတော့ ဓာတ်ပုံ၊ဗွီဒီယို ရိုက်ကူးခွင့်မပေးပဲ အလကားတက်ရောက်ခွင့်ရတဲ့ ဆယ်လီတွေကိုတော့ လွတ်လပ်စွာ ရိုက်ကူးခွင့်ပေးထားကြောင်း တွစ်တာမှာရင်ဖွင့်လာကြပါတယ်။
Blackpink ဟာ သူတို့ကိုချစ်တဲ့ ပရိတ်သတ် blinks တွေအတွက်သာဖြစ်ကြောင်း၊ အလကား အချောင်ရတိုင်း ကုန်းဆင်းတဲ့ ဆယ်လီတွေအတွက်မဟုတ်ကြောင်း တွစ်တာတစ်ခွင်မှာ #shopeescam ဆိုတဲ့ hastag နဲ့အတူ ရေးသားပြောဆိုလာကြပါတယ်။
အဆုံးမှာတော့ ဒီဂယက်ဟာ ကြီးထွားလာပြီး #shopeescam ဆိုတဲ့ hastag ဟာ တွစ်တာ trending မှာ top1 တောင်ဖြစ်လို့နေပါပြီ။
Source-Koreaboo
(ပိုပိုလေး)