BEC-TERO TV

ဘရုစလီနဲ့ ယှဉ် အပြောကြီးပြီး MMA ကို စိန်ခေါ်ခဲ့တဲ့ တရုတ်သိုင်းသမား (ရုပ်သံ)

06 Jun 2019     1,652 Views


MMA ကစားသမားကို စိန်ခေါ်ခဲ့ပြီး ကြိုးဝိုင်းထဲမှာ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ တရုပ်သိုင်းသမား က သူရှုံးနိမ့်ခဲ့ရတဲ့အကြောင်းဟာ သိုင်းပညာမယှဉ်နိုင်လို့ မဟုတ်ပဲ ထိုးသတ်ကြတဲ့အချိန်မှာ ဗိုက်ဆာနေလို့ လို့ ဆင်ခြေပေးလိုက်ပါတယ်။
 
 
တရုတ်သိုင်းပညာ (ဝမ်ချောင်း)ဆရာလို့ ခံယူထားပြီး သူနဲ့ ဘရုစလီ သိုင်းစွမ်းရည် အတူတူပဲလို့ အွန်လိုင်းပေါ်မှာ ပြောဆိုခဲ့တဲ့ ‘Lu Gang’ ဟာ မနှစ်က MMA ကစားသမား ‘Xu Xiaodong’ ကို စိန်ခေါ်ပြီး ထိုးသတ်ခဲ့ရာမှာ ပထမအချီမှာတင် ဒိုင်ပွဲရပ်နဲ့ အရှုံးပေးခဲ့ရပါတယ်။
 
တစ်မိနစ်မပြည့်ခင် အချိန်မှာတင် သုံကြိမ်တိတိ လဲပြိုကျခဲ့ပြီး နှာခေါင်းလည်းကျိုးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာ သူက အခုလို ဆင်ခြေပေးခဲ့တာပါ။ “ကျွန်တော်က သတ်သတ်လွတ်သမားပါ တစ်လမှာ ထမင်းအနပ် ၂၀ လောက်ပဲစားတော့ Xu နဲ့ ထိုးတဲ့အချိန်မှာ ကျွန်တော် ဗိုက်ဆာနေပြီး အဆင်မပြေဖြစ်သွားတာပါ” လို့ ပြောဆိုခဲ့ပါတယ်။
 
တစ်ကယ်တော့ ‘Lu’ ရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၁၀၀ ဝန်းကျင်ရှိပြီး ယှဉ်ပြိုင်လို့ ကောင်းကောင်းရတဲ့ အနေအထားပါ။ ပွဲမစခင်ကလည်း (ဝမ်ချောင်း) ပညာဟာ နက်နက်ပြီး သူ့ရဲ့ထိုးချက်ဟာ MMA ကစားသမားထက် မြန်ပြီး လက်သီးပြင်းတယ်လို့ ကြုံးဝါးခဲ့ပါသေးတယ်။
 
 
ဒါပေမယ့် တစ်မိနစ်မပြည့်ခင်မှာပဲ အလဲထိုးခံရပြီး ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရိုးရာသိုင်းပညာ (ဝမ်ချောင်း) နဲ့ MMA သိုင်းပေါင်းစုံ ကစားသမားတို့ကြား မကြာခဏ အပြန်အလှန်ပြောဆိုဝေဖန်မှု ပြင်ထန်နေပြီး စိန်ခေါ်ထိုးသတ်မှုတွေလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ သေချာတာကတော့ ယှဉ်ပြိုင်ပွဲတိုင်းမှာ MMA သမားတွေက စက္ကန့်ပိုင်းအတွင်း ရိုးရာသိုင်းသမားတွေကို အနိုင်ယူခဲ့နိုင်တာချည်းဖြစ်ပါတယ်။

06 Jun 2019     1,652 Views




RELATED

Most Popular of Special or Others

Most Popular of NEWS