ဆံပင်ညှပ်ပြီး မမှတ်မိလောက်အောင်ပြောင်းလဲသွားတဲ့ ကင်မ်ဆိုဟွန်း
05 Jun 2019 1,440 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် မင်းသမီးလေး ကင်မ်ဆိုဟွန်းဟာဆိုရင် ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်လာတာဖြစ်ပြီး အရွယ်ရောက်တဲ့အခါမှာလဲ အောင်မြင်တဲ့ မင်းသမီးတစ်လက်အဖြစ် ပရိတ်သတ်ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးတစ်လက်ပါ။ ဆိုးဟွန်း ဟာ ကလေးဘဝကတည်းက ဆံပင်အရှည်သာထားခဲ့ပြီး ဆံပင်အတိုညှပ်လေ့မရှိပါဘူး။ ဒါပေမဲ့ သူမလတ်တလော ဆိုရှယ်မီဒီယာအကောင့်မှာတင်လိုက်တဲ့ ဓာတ်ပုံတစ်ပုံကြောင့် ပရိတ်သတ်အများ အံ့အားသင့်ခဲ့ကြပါတယ်။ အမြဲဆံပင်ရှည်ထားလေ့ရှိတဲ့ ဆိုးဟွန်းတစ်ယောက် ဆံပင်အတို ညှပ်လိုက်တဲ့အခါ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်းသွားတာကို တွေ့ရမှာပါ။ ဆိုဟွန်းတစ်ယောက် ဆံပင်ညှပ်ပြီး ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ပြီးခဲ့တဲ့ ၂ ရက်လောက်က ကင်မ်ဆိုဟွန်းဟာ သူမပရိတ်သတ်များနဲ့ တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲမပြုလုပ်မီ တစ်ရက်အလိုမှာ သူမပရိတ်သတ်ကို ဆံပင်ပုံစံအသစ်နဲ့ မြင်တွေ့ရမည်ဖြစ်ကြောင်း အင်စတာဂရမ်မှာ ဗွီဒီယိုလေးတစ်ခုတင်ပြီး အသိပေးခဲ့တာပါ။
ကလေးဘဝကတည်းက သရုပ်ဆောင်လုပ်လာတဲ့ ကင်မ်ဆိုဟွန်းလေးဟာ အသက်အားဖြင့် ငယ်ရွယ်သေးပေမဲ့ အနုပညာသက်တမ်းကတော့ တခြားသော သရုပ်ဆောင်တွေထက်ပိုများတယ်လို့ ဆိုရမှာပါ။ ကလေးဘဝကတည်းက လူချစ်လူခင်ပေါများတာကြောင့် ပရိတ်သတ်အခိုင်အမာရရှိထားတဲ့အပြင် ပရိတ်သတ်တွေက “Nation’s Sister” နိုင်ငံ့ညီမလေး လို့တောင်တင်စားခေါ်ဝေါ်ကြပါသေးတယ်။
ဒီလို ချစ်ဖို့ကောင်းတဲ့ ဆိုဟွန်းလေး ဆံပင်ညှပ်လိုက်တဲ့အခါ ‘နိုင်ငံ့ညီမလေး ’ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုပြီးလိုက်ဖက်ညီသွားပါပြီ။ ပရိတ်သတ်အများကလဲ ဆိုးဟွန်းရဲ့ ဆံပင်ပုံစံကို မြင်တွေ့ပြီး သူမနဲ့ အမှန်တကယ်လိုက်ဖက်ကြောင်း၊ ကလေးလေးတစ်ယောက်လို ချစ်ဖို့ကောင်းကြောင်း လူမှုကွန်ယက်မှာ ချီးကျူးပြောဆိုနေကြပါတယ်။ လူကလဲလှတဲ့အတွက် ဆံပင်တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ အမြဲလှနေတော့တာပါ။
(ပိုပိုလေး)