ဝမ်ဘလေအားကစားကွင်းမှာ ပထမဦးဆုံးဖျော်ဖြေဖူးတဲ့ ကိုးရီးယားအဆိုတော်အဖွဲ့ဖြစ်လာတဲ့ BTS
03 Jun 2019 1,343 Views
တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် Kpop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာဆိုရင် အာရှနိုင်ငံတွေတင်သာမက အနောက်နိုင်ငံတွေကိုပါ လွှမ်းမိုးထားနိုင်တဲ့ အဖွဲ့တစ်ဖွဲ့လို့ ပြောရမှာပါ။ BTS ဟာ ဟောလိဝုဒ်ကို လွှမ်းမိုးထားနိုင်ပြီး ကမ္ဘာလှည့်ဖျော်ဖြေနေတဲ့ အဖွဲ့တစ်ဖွဲ့လဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ BTS အဖွဲ့ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဝမ်ဘလေအားကားရုံမှာ ဖျော်ဖြေပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဝမ်ဘလေ အားကစားရုံဟာဆိုရင် အင်္ဂလန်ရဲ့ သမိုင်းဝင် ကွင်းကြီးဖြစ်ပြီး ဒီကွင်းမှာ ဖျော်ဖြေဖူးသူတွေကတော့ The Beatles, Micheal Jackson, Madonna ,Queen အစရှိတဲ့ သမိုင်းတွင်အောင် နာမည်ကြီးတဲ့ လူပုဂ္ဂိုလ်တွေသာ ဖျော်ဖြေဖူးတာပဲဖြစ်ပါတယ်။ BTS အနေနဲ့ ဝမ်ဘလေကွင်းကြီးမှာ သီဆိုဖျော်ဖြေရတာဟာ သမိုင်းတစ်လျှောက်မှာ ကိုးရီးယားလူမျိုးတွေအတွက် ဂုဏ်ယူစရာကိစ္စရပ်တစ်ခုပါ။ ဝမ်ဘလေကွင်းကြီးမှာ ဖျော်ဖြေရတာနဲ့ ပတ်သတ်ပြီး BTS အဖွဲ့ ဘယ်လိုခံစားရလဲ ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
ဝမ်ဘလေအားကစားကွင်းမှာ ကျင်းပပြုလုပ်တဲ့ BTS: World Tour မှာ BTS အဖွဲ့ဝင်တွေဟာ သီချင်းပေါင်း ၂၄ ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ပြီး လူဦးရေ ၆သောင်းကျော်ခန့် လာရောက်အားပေးခဲ့ကြပါတယ်။ ဒါ့အပြင် BTS ဟာ Uk Top Chart ထဲကို ပထမဦးဆုံး ဝင်ဖူးတဲ့ ကိုးရီးယားအဆိုတော်အဖွဲ့ပဲဖြစ်ပါတယ်။
BTS အဖွဲ့ဝင်တွေဟာ ဝမ်ဘလေလို သမိုင်းဝင်ကွင်းကြီးမှာ သီဆိုဖျော်ဖြေခွင့်ရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာမိကြောင်း သူတို့အနေနဲ့ Live Aid ဖျော်ဖြေပွဲမှ သီချင်းဗွီဒီယိုများကို ကြည့်ပြီး ကြီးပျင်းလာခဲ့တာဖြစ်တဲ့အတွက် ဝမ်ဘလေလိုကွင်းကြီးမှာဖျော်ဖြေရတာဟာ သူတို့ကိုယ်တိုင် စိတ်ကူးယဉ်အိပ်မက်တွေဖြစ်ကြောင်း ပြောကြားသွားပါတယ်။ တစ်ဖန် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Jin က Queen အဖွဲ့မှ Freddie Mercury လုပ်သလို ပရိတ်သတ်နဲ့အတူ Ay-oh ဆိုတဲ့ စကားစုကို အတိုင်အဖောက်ညီညီ ဟစ်ကြွေးခဲ့ကြပါတယ်။
အဖွဲ့ခေါင်းဆောင် Rap Monster ကလဲ “ခင်ဗျားတို့နိုင်ငံမှာ The beatles, Coldplay, Ed Sheeran, Adele အစရှိတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရှိနေတာတောင် ကျွန်တော်တို့ကို အားပေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အင်္ဂလန်ဟာ ကျွန်တော်တို့အတွက် ဘယ်တော့မှ မရောက်ရှိနိုင်တဲ့ အကြီးမားဆုံး တံတိုင်းကြီးတစ်ခုပါပဲ။ ခုတော့ ခင်ဗျားတို့က ဒီတံတိုင်းကြီးကို ဖြိုဖျက်ပေးလိုက်တာပါ” ဆိုပြီး လန်ဒန်မှ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားပြောကြားသွားပါတယ်။
လန်ဒန်မြို့ရဲ့ ဝမ်ဘလေကွင်းမှာ ဖျော်ဖြေရတာဟာဆိုရင် BTS နဲ့ Army တွေအတွက် အမှန်တကယ် ဂုဏ်ယူစရာ ကိစ္စရပ်တစ်ခုပါပဲ။
(ပိုပိုလေး)