BEC-TERO TV

၉ နှစ်အရွယ် ၃ တန်းကျောင်းသူလေး စာသင်ကျောင်းတွင် ဓါတ်လိုက်သေဆုံး

31 May 2019     1,768 Views


ထိုင်းနိုင်ငံ စာသင်ကျောင်းတစ်ခုတွင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မူလတန်းအရွယ် ကျောင်းသူ ညီအစ်မနှစ်ဦး တစ်ပြိုင်တည်း ဓါတ်လိုက်ခဲ့ပြီး အသက် ၉ နှစ်အရွယ် ၃ တန်း ကျောင်းသူလေးတစ်ဦး သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။
 
တန်ဘွန်းနောင်ပလင် စီရင်စုရှိ စာသင်ကျောင်းတွင် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင် မိုးများသည်းထန်စွာရွာနေပြီး ညီအစ်မနှစ်ဦး(ဝမ်းကွဲ) ဟာ ကျောင်းပေါက်ဝရှိ ဘာဂျာသံတံခါးကို ကိုင်မိစဉ် ဓါတ်လိုက်ပြီး နှစ်ယောက်စလုံး အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပါတယ်။ ကလေးနှစ်ယောက်လုံးကို ဆေးရုံသို့တင်ပို့ပြီး အထူးကြပ်မတ်ဆောင်မှာ ကုသပေးခဲ့ရပါတယ်။
 
 
ဒါပေမယ့် နောက်တစ်နေ့ ကြာသပတေးနေ့ နံနက် ၉ နာရီမှာတော့ အသက် ၉ နှစ်အရွယ် ၃တန်းကျောင်းသူလေး သေဆုံးသွားကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။ သူမရဲ့ သွေးခုန်နှုန်းနဲ့ သွေးတိုးနှုန်းတွေဟာ အဲဒီနေ့ နံနက် ၆ နာရီလောက်ကနေ တောက်လျှောက် ကျဆင်းလာခဲ့ပြီး ဆရာဝန်တွေက အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။
 
ဖြစ်စဉ်ကြောင့် ဒေသဆိုင်ရာ ပညာရေးဌါနမှ ဒုညွှန်ကြားရေးမှူး Wanchai Kerdmeephote ကိုယ်တိုင် ကျောင်းကို လာရောက်စစ်ဆေးကြည့်ရာ ဖြစ်သလို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးတွေ ယိုယွင်းနေတာကို တွေ့ခဲ့ရပါတယ်။ 
 
 
လျှပ်စစ်ရုံးရဲ့ မန်နေဂျာ Thanadkijj Num လည်း ဗုဒ္ဓဟူးနေ့ကည ကျောင်းကို သွားရောက် စစ်ဆေးခဲ့ပြီး ကျောင်းမှာ ယာယီသွယ်တန်းထားတဲ့ ဝါယာတွေကြိုးတွေကနေ ဝါယာပေါက်ပြဲပြီး လျှပ်စစ်ဓာတ်စီးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။
 
သေဆုံးသူကျောင်းသူလေးရဲ့ ဝမ်းကွဲညီအစ်အဖြစ်သူ ၅ တန်းကျောင်းသူလေးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိတော့ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။

 


31 May 2019     1,768 Views




RELATED

Most Popular of Special or Others

Most Popular of NEWS