BEC-TERO TV

ချစ်ဖို့ကောင်းတဲ့ Blackpink Rose’ နဲ့ Ariana Grande တို့ကြားက လူမသိသူမသိ ဆက်ဆံရေးတစ်ခု

31 May 2019     1,479 Views


တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော် တေးဂီတအဖွဲ့ Blackpink မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rose’ ဟာ သူမရဲ့ အင်စတာဂရမ်စတိုရီ မှာ ပရိတ်သတ်မထင်မှတ်ရလောက်တဲ့ အကြောင်းအရာတစ်ခုကို ဝေမျှခဲ့ပါတယ်။ Blackpink ဟာ 2019 Coachella ပြိုင်ပွဲကြီးမှာ ကမ္ဘာကျော် ဟောလိဝုဒ်အဆိုတော်တွေနဲ့ တွေ့ဆုံပြီး ခင်မင်ရင်းနှီးခွင့်ရရှိခဲ့ပါတယ်။ ထိုအထဲကမှာ လက်ရှိ pop queen လို့တင်စားခေါ်ဝေါ်နေကြတဲ့ Ariana Grande တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ Blackpink Rose’ နဲ့ Ariana တို့ကြားက ဆက်ဆံရေးက ဘယ်လိုဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။

>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<

Blackpink ရဲ့ “kill this love” သီချင်းဟာဆိုရင် Ariana Grande ရဲ့ 7 Rings ကိုကျော်ပြီး Youtube မှာ ၂၄ နာရီအတွင်း ကြည့်ရှုသူအများဆုံးဖြစ်ပါတယ်။ ဒီကိစ္စဖြစ်ပျက်ပြီးနောက် လူတွေက Blackpink နဲ့ Ariana Grande တို့ရဲ့ အောင်မြင်ကျော်ကြားမှုတွေကို နှိုင်းယှဉ်လာကြပါတယ်။

ဒါပေမဲ့ Blackpink နဲ့ Ariana တို့ကြားက ဆက်ဆံရေးက လူတွေထင်သလိုမဟုတ်ပဲ တစ်ဦးကို တစ်ဦးချစ်ခင်နေကြတာကိုတွေ့ရမှာပါ။ Blackpink အဖွဲ့ Ariana နဲ့ Coachella ပွဲမှာ တွေ့ပြီးနောက် Ariana က Rose’ ကို ချစ်စရာကောင်းတဲ့ ရေမွှေးပုလင်းလေးတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။

ဒါကို ကျေးဇူးတင်တဲ့အနေနဲ့ Rose’ က “ကျေးဇူးတင်ပါတယ် Ariana မင်းပေးတဲ့ ရေမွေးပုလင်းလေးက ကမ္ဘာမှာချစ်ဖို့အကောင်းဆုံးပါပဲ” ဆိုပြီး သူမ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

Ariana ကလဲ Rose’ တင်ထားတာကို ပြန် share ပြီး Rose’ ကို သူမ အင်စတာဂရမ်စတိုရီမှာ Love you ဆိုပြီး ပြန်လည်ရေးသားခဲ့ပါတယ်။ Ariana နဲ့ Rose’ တို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ ချစ်ဖို့ကောင်းနေတာပါပဲနော်။

(ပိုပိုလေး)


31 May 2019     1,479 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS