ဆောင်းဟယ်ကျိုနဲ့ ဂျူဂျီဟွန်းတို့ ပါဝင်သရုပ်ဆောင်မယ့် ဥပဒေဆိုင်ရာဇာတ်လမ်းတွဲအသစ်
30 May 2019 1,396 Views
မြန်မာနိုင်ငံမှာ အွန်စောလို့ လူသိများတဲ့ မင်းသမီးဆောင်းဟယ်ဂျိုနဲ့ လတ်တလော နာမည်ကြီးနေတဲ့ Kingdom ဇာတ်ကားမှ မင်းသား ဂျူဂျီဟွန်းတို့ အတူသရုပ်ဆောင်တာကို မြင်တွေ့ခွင့်ရတော့မှာပါ။ ဒီဇာတ်ကားမှာ ဆောင်းဟယ်ကျိုနဲ့ ဂျူဂျီဟွန်းတို့ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ အတူပါဝင်သရုပ်ဆောင်ကြမလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
နာမည်ကျော် တော့ပ်စတားနှစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဆောင်းဟယ်ကျိုနဲ့ ဂျူဂျီဟွန်းတို့ဟာ KBS2 ရုပ်သံလိုင်းက ရိုက်ကူးထုတ်လွှင့်မယ့် Hyena အမည်ရ ဇာတ်လမ်းတွဲမှာ တရားပြိုင်ရှေ့နေတွေအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။
မေလ ၃၀ ရက်နေ့မှာ KBS2 က တော့ပ်စတားနှစ်ယောက်ပါဝင်မယ့် ဇာတ်ကားကို အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာပါတယ်။ Hyena ဇာတ်လမ်းတွဲဟာဆိုရင် လူကုံထံတွေအတွက် ကိုယ်ရေးကိုယ်တာ လုပ်ငန်းများဆောင်ရွက်ပေးရတဲ့ ရှေ့နေတွေအကြောင်းရိုက်ကူးပြသသွားမှာပဲဖြစ်ပါတယ်။
ဒီလိုရှေ့နေတွေဟာဆိုရင် ကိုယ်ကျိုးနဲ့ ပိုက်ဆံအတွက်သာ ကြည့်ပြီး ပြည်သူလူထုကောင်းစားဖို့ အရေးဘာညာ စိတ်မဝင်စားကြပါဘူး။ သူတို့စိတ်ဝင်စားတာကတော့ လူကုံထံတွေဆီက ပိုက်ဆံဘယ်လို ရအောင်ယူမယ်ဆိုတာပါပဲ။
ဒီဇာတ်လမ်းမှာ ဆောင်းဟယ်ကျိုက အမှုနိုင်ဖို့ဆိုရင် တရားဥပဒေတွေဘာတွေကို ငဲ့ကွက်မနေပဲ ဘာမဆိုလုပ်ရဲတဲ့ ရှေ့နေ Jung Geum Ja ၊ နိုင်ငံမှာ အချမ်းသာဆုံး သူဋ္ဌေးတွေရဲ့ အမှုကို ကိုင်တွယ်ဖြေရှင်းမှုမှာ အတော်ဆုံး အမျိုးသမီးရှေ့နေအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဂျူဂျီဟွန်းကတော့ သူ့စွမ်းဆောင်ချက်တွေကြောင့် နိုင်ငံ့အချမ်းသာဆုံး သူဋ္ဌေးစာရင်းဝင်တွေရဲ့ ငွေပမာဏမလျော့သွားတာ၊ နိုင်ငံ့စီးပွားရေးအခြေအနေဟာ သူဋ္ဌေးကြီးတွေပေါ်မှာ မူတည်နေတဲ့အတွက် တောင်ကိုးရီးယားရဲ့ ကံကြမ္မာကိုကိုင်တွယ်ဖြေရှင်းနိုင်သူ ဆိုပြီး သူ့ကိုယ်ကို အထင်ကြီးနေတဲ့ ရှေ့နေ Yoon Hee Jae အတွက် ပါဝင်သရုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။
Hyena ဇာတ်ကားဟာ မင်းသားရောမင်းသမီးပါ အားကောင်းတယ်လို့ ပြောရမှာပါ။ ဇာတ်လမ်း၊ ဇာတ်ကွက်ကလဲ တောင်ကိုးရီးယား စီးပွားရေးလောကနဲ့ ဥပဒေအကြောင်းကို မီးမောင်းထိုးပြနေတာဟာ အမှန်တကယ်ပဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။
(ပိုပိုလေး)