BEC-TERO TV

ပရိသတ်တွေဖော်ထုတ်လိုက်တာကြောင့် ချစ်သူကိုတရားဝင်ချပြလိုက်တာဆိုတဲ့ သင်ဇာဝင့်ကျော်

30 May 2019     1,945 Views


မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးအောင်မြင်ကျော်ကြားမှုအများဆုံး ထိပ်တန်းမင်းသမီးစာရင်းမှာ ရပ်တည်နေတဲ့ သင်ဇာဝင့်ကျော်ဟာဆိုရင် ကျရာဇတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး လှပချောမောသူဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အနုပညာလောကထဲကို စတင်ဝင်ရောက်လာစဉ်ကတည်းက ပရိသတ်ရဲ့ချစ်မေတ္တာတွေကို ရရှိခဲ့တဲ့ သင်ဇာကတော့ ယနေ့ချိန်ထိ သူမရဲ့အောင်မြင်မှုတွေက လျော့မသွားပဲ ပို၍သာတိုးလာဆဲဖြစ်ပါတယ်။

>>Read More ကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ<<

ဒါ့အပြင် ခန္ဓာကိုယ်အလှအပကို ဂရုတစိုက်ထိန်းသိမ်းတဲ့ သင်ဇာကတော့ လှပတင်းရင်းတဲ့ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး သူမရဲ့ဘော်ဒီအလှကိုပေါ်လွင်စေတဲ့ Sexy ကျကျဖက်ရှင်တွေကို ယခုနောက်ပိုင်းပိုမိုဝတ်စားလာတာကိုလည်း တွေ့ရပါတယ်။ ညှို့အားပြင်းတဲ့ သင်ဇာ့ရဲ့အလှက ပုရိဿအပေါင်းကို ဆွဲဆောင်ထားနိုင်သလို မတ်မတ်မှ မတ်မတ်သင်ဇာဆိုပြီး ယောကျာ်းထုကြီးက အခိုင်အမာဝန်းရံနေကြတာဖြစ်ပါတယ်။

အသက် (၃၀) ကျော်အရွယ် လှသွေးတို့ကြွယ်နေတဲ့ မမသင်ဇာကတော့ မကြာသေးခင်က သူမရဲ့ချစ်သူကို Official ချပြခဲ့ပြီး သူမကိုဝန်းရံနေကြတဲ့ ယောကျာ်းထုကြီးအကုန်လုံးလဲ အသဲတွေကွဲခဲ့ရပါတယ်။ သင်ဇာရဲ့ချစ်သူက နိုင်ငံခြားသားတစ်ယာက်ဖြစ်တာကြောင့် ပြစ်တင်ဝေဖန် ပြောဆိုကြသူတွေများစွာထွက်ပေါ်လာခဲ့သလို သင်ဇာ့ရဲ့အချစ်ရေးကို သဘောတူခဲ့ကြသူတွေလည်းရှိပါတယ်။ ဘယ်တုန်းကမှ ချစ်သူကိုတရားဝင်ထုတ်ပြခြင်းမရှိခဲ့တဲ့ သင်ဇာတစ်ယောက် ယခုလက်ရှိ သူမရဲ့ချစ်သူကို Official ချပြလိုက်ရတဲ့အကြောင်းကိုတော့ မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းလောက်က မော်ဒိုက်ကမ်းခြေကို အပန်းဖြေသွားခဲ့တဲ့ သင်ဇာတစ်ယောက် သူမရဲ့အလှပုံရိပ်တစ်ချို့ကိုတင်လိုက်ရာမှ ဓာတ်ပုံထဲပါလာတဲ့ လက်တစ်ဖက်ကြောင့် ပရိသတ်တွေက လက်ပိုင်ရှင်ကိုသိချင်ဇောနဲ့ ရှာဖွေဖော်ထုတ်ခဲ့ရာမှ ထိုလက်ပိုင်ရှင်ထွက်ပေါ်လာခဲ့ပြီး ထို့နောက်မှာတော့ သင်ဇာကထိုလက်ပိုင်ရှင်ဟာ သူမရဲ့ချစ်သူဖြစ်ကြောင်း ထုတ်ပြလိုက်တာဖြစ်ပါတယ်။

ယခုလိုမျိုး ချစ်သူကို Official ချပြလိုက်ရတဲ့အကြောင်းကို “အစကတော့ ချပြဖို့အစီအစဉ်မရှိသေးဘူး၊ စောသေးတယ်။ ဒါပေမယ့် ပရိသတ်တွေကပဲ သူဘယ်သူလဲဆိုတာ ဖော်ထုတ်လိုက်တဲ့အခါကျတော့ သူကလဲ မထူးတော့ဘူးအားလုံးလဲသိသွားပြီ။ Official လုပ်လိုက်မယ်ဆိုပြီးတော့ နှစ်ဦးသဘောတူ Official ချပြလိုက်တာပါ” ဆိုကာ စောစီးစွာသိသွားတဲ့ ပရိသတ်ကြီးကြောင့်သာ ချစ်သူကိုထုတ်ပြလိုက်တာဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

မူးယစ်သေစာ ကင်းရှင်းတဲ့ချစ်သူကြောင့် သူမပါလိမ္မာသူလေးဖြစ်သွားရကြောင်းကို “သူက အဝေးမှာရှိနေပေမယ့် ကိုယ့်ကိုယုံကြည်မှုအပြည့်အ၀ပေးတယ်၊ ကိုယ့်အလုပ်ကိုနားလည်တယ်၊ သူ့အလုပ်ကိုလည်း ကိုယ်ကနားလည်တယ် အဲ့လိုမျိုးတည်ဆောက်ရမှာပဲ။ Distance Relationship ဖြစ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုလဲမရှိ၊ နားလည်မှုလဲမရှိရင် ပြတ်မှာပဲ။ ရေရှည်လဲခံမှာမဟုတ်ဘူး။ ပြီးတော့ သူ့စိတ်က ကိုယ့်စိတ်နဲ့အတူတူပဲ၊ တစ်ထပ်တည်းကျတယ်။ လုပ်ချင်တဲ့အရာတွေ၊ ၀ါသနာတွေအကုန်တူတယ်။ ပြီးတော့ အားကစားလိုက်စားတာလဲ တူတယ်။ သူကအရက်လဲ မသောက်တတ်ဘူး၊ ဆေးလိပ်လဲ မသောက်တတ်တဲ့အခါကျတော့ ကိုယ်ကသူနဲ့နေရင် ကိုယ်ပါရှောင်ဖြစ်သွားတယ်။ အဲ့တာက သင်ဇာ့အတွက်ကောင်းစေတဲ့အရာတွေ၊ အဲ့ဒီလိုအချက်တွေနဲ့သူ့ကိုရွေးချယ်ပြီးတွဲဖြစ်သွားတာ” ဆိုကာ စိတ်တူကိုယ်တူဖြစ်တာကြောင့် ချစ်သူအဖြစ်ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ချစ်သူနှစ်ယောက်ကြား အနာဂတ်ရည်မှန်းချက်တွေ ချထားတဲ့အကြောင်းနဲ့ပတ်သက်ပြီး “မပြောသေးဘူး၊ စောင့်ကြည့်ပါ။ ဘာလို့ဆိုတော့ Plan ချထားပြီး ပြောလိုက်ရင် ပျက်တတ်လို့။ သူနဲ့ချထားတဲ့ Plan လေးတွေတော့ရှိတယ်။ အဲ့တာကြောင့် စောင့်ကြည့်ကြပါလို့ ပြောချင်တယ်” လို့ဆိုကာ မကြာခင်မှာလည်း ချစ်သူနဲ့အတူတူ ဖူးခက်ကို ခရီးထပ်သွားဖို့ရှိကြောင်းကိုလည်း ကြိုတင်အသိပေးသွားခဲ့ပါတယ်။

အမြဲပျော်ရွှင်အောင်ထားတဲ့ စိတ်တူကိုယ်တူ ချစ်သူလေးကိုပိုင်ဆိုင်ထားပြီး အနာဂတ် Plan တွေလဲ ချထားပြီဆိုတော့ မမသင်ဇာတစ်ယောက် လက်ရှိချစ်သူကိုပဲ ဘ၀လက်တွဲဖော်အဖြစ်  ရွေးချယ်ထားပြီလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်ကြီးရဲ့ ထင်မြင်ချက်လေးတွေကိုလဲ ပြောပြသွားပါဦးနော်…

ပြီးခဲ့တဲ့ သင်ဇာ့ချစ်သူဟာ မြန်မာနိုင်ငံကိုအလည်လာခဲ့ပြီး သူမဆီကိုအလည်လာတဲ့ ချစ်သူကို သင်ဇာက ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်စွာနဲ့ သွားရောက်ဆီးကြိုခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် ချစ်သူနဲ့အတူ ကျိုက်ထီးရိုးဘုရားကို သွားရောက်ဖူးမြော်ခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ပျော်ရွှင်စရာအချိန်လေးကို လူမှုကွန်ယက်ကနေ Live လွှင့်ရင်း ပရိသတ်ကြီးဆီ ဝေမျှခဲ့ပါသေးတယ်။

 

Source_Sunday Journal

(ပိုပိုလေး)


30 May 2019     1,945 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment