မိန်းကလေးနောက် ထပ်ကြပ်မကွာလိုက်ပြီး အိမ်ထဲထိပါ လိုက်နှောင့်ယှက်တဲ့ စိတ္တဇ stalker တစ်ဦး
30 May 2019 1,448 Views
ပြီးခဲ့တဲ့ ရက်ပိုင်းအနည်းငယ် တောင်ကိုးရီးယား နိုင်ငံမှာ မိန်းကလေး တစ်ဦးရဲ့ နေအိမ် တိုက်ခန်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ လူတစ်ဦး ကို CCTV ဗွီဒီယိုမှာ ရိုက်ကူးတွေ့ရှိခဲ့ပြီး အဆိုပါ ဗွီဒီယို အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မိန်းကလေးဟာ သူမနေအိမ်ထဲ မျက်နှာစိမ်းအမျိုးသား တစ်ဦးဝင်ရောက်နေတာကို သိတဲ့အခါ ရဲကိုဖုန်းဆက်ပြီး အကူအညီတောင်းခဲ့ပါတယ်။ အသေးစိတ်သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<
မေလ ၂၉ ရက်နေ့မှာ Gwangyang ရဲဋ္ဌာနမှ Silim-dong မှာနေထိုင်တဲ့ မိန်းကလေးတစ်ဦးကို လူတစ်ဦးက အနှောင့်အယှက်ပေးမှုနဲ့ အချုပ်ချခဲ့ပါတယ်။ ဒီပြဿနာကို မုဒိမ်းမှုဆိုပြီး ပြောဆိုနေကြပေမဲ့ အဆိုပါ အမျိုးသားက မိန်းကလေးကို ထိပါးခြင်းမရှိတာကြောင့် ထိပါးနှောင့်ယှက်မှုလို့ပဲ အမည်တပ်လို့ရကြောင်း ရဲဋ္ဌာနမှ ပြောကြားလာပါတယ်။
ဆက်လက်ပြီး မိန်းကလေး နေထိုင်တဲ့ တိုက်ခန်းတည်ရှိရာ လမ်းတစ်လျှောက် CCTV လုံခြုံရေးကင်မရာကို စစ်ဆေးကြည့်တဲ့ အခါမှာ အဆိုပါ လူပုဂ္ဂိုလ်ဟာ သူမကို ရက်ပေါင်းများစွာကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး တကောက်ကောက်လိုက်နေခဲ့တာပါ။
ဒီလို လူတစ်ယောက်အနေနဲ့ သူမကို တစ်ခုခုလုပ်ဖို့ ကြံရွယ်နေတယ်ဆိုတာ သိသာလှပါတယ်။ “သူ ဒီလောက်ထိ အကြာကြီး စောင့်ကြည့်နေတာ မကောင်းတာ လုပ်ဖို့ ကြံရွယ်နေတယ်ဆိုတာ သေချာတယ် ဆိုပြီး လူမှုကွန်ယက်မှာ ပြည်သူတွေ အငြင်းပွားလာကြပါတယ်။
မိန်းကလေးရဲ့ အခန်းရှေ့ CCTV ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ မိန်းကလေး အခန်းထဲ ဝင်တာကို အနောက်က လိုက်ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အလျင်မမှီလိုက်ပါဘူး။ အဆိုပါ လူပုဂ္ဂိုလ်ဟာ မိန်းကလေးနဲ့ အခန်းရှေ့မှာ စဉ်းစားနေဟန် လမ်းလျှောက်နေခဲ့ပြီး အချိန် ခဏကြာတဲ့အခါ အခန်း လျှို့ဝှက်ကုဒ် နံပါတ်ကိုဖွင့်ပြီး ဝင်သွားခဲ့ပါတယ်။ သူ့အနေနဲ့ မိန်းကလေးတစ်ယောက်တည်းနေတဲ့ အခန်းရဲ့ လျှို့ဝှက်ကုဒ်ကို သိနေတာတော့ ထူးဆန်းလှပါတယ်။ ဒီထက်ပို မျက်ဝါး ထင်ထင် မြင်တွေ့ပြီး သိရှိရဖို့ CCTV ဗွီဒီယိုဖိုင်ကို ကြည့်ပြီး ဆုံးဖြတ်လိုက်ကြရအောင်လား ပရိတ်သတ်ကြီးရေ။
(ပိုပိုေလး)