ကျောင်းတက်တုန်းက မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ Daye
29 May 2019 1,388 Views
တောင်ကိုးရီးယားနိုင်ငံရှိ ကေပေါ့ပ်အဆိုတော်အဖွဲ့ Berry Good မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Daye ဟာ မူလတန်းကျောင်းတက်နေစဉ်အတောအတွင်း အတန်းဖော် ရွယ်တူမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်နှိပ်စက်မှုတွေပြုလုပ်ခဲ့ကြောင်း အွန်လိုင်းမီဒီယာမှာပြောကြားလာကြပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Daye အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ မိန်းကလေးက အင်တာနက်မှာ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ Daye တစ်ယောက် အတန်းဖော် မိန်းကလေးကို ဘယ်လိုနှိပ်စက်ခဲ့သလဲ၊ သူမဘယ်လို ရင်ဖွင့်သွားလဲဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ကြရအောင်။
>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။ <<
Berry Good အဖွဲ့မှ Daye ဟာရုပ်ရည်ချောမောလှပပြီး အပြစ်ကင်းစင်တဲ့ အသွင်ဆောင် တာကြောင့် ချစ်ခင်တဲ့ပရိတ်သတ် အများအပြားရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။ ဒီလိုချစ်ခင်ဖွယ်ကောင်းတဲ့ မျက်နှာရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ဖော်ထုတ်လာသူ တစ်ဦးရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ မိန်းကလေးတစ်ယောက်က အွန်လိုင်းကနေတစ်ဆင့် Daye မူလတန်းကျောင်းမှာ Daye နှိပ်စက်တာခံခဲ့ရတဲ့အကြောင်းကို ဝေမျှခဲ့ပါတယ်။
“အဲ့အချိန်တုန်းက ကျွန်မ အသက် ၁၃ နှစ်သာရှိပါသေးတယ်။ အတန်းကတော့ မူလတန်း Grade-6 ပါ။ အတန်းထဲမှာ သူက ကျွန်မကို ခွဲခြားဆက်ဆံထားပြီး အနိုင်ကျင့်လေ့ရှိပါတယ်။ တစ်ခါတုန်းက ကျွန်မခေါင်းကို တံမြက်စည်းနဲ့ ရိုက်ပြီး ကျွန်မ ဆံပင်တွေကိုလဲ ဆောင့်ဆွဲခဲ့ပါတယ်။ ဒါ့အပြင် ကျွန်မရဲ့ ဘရာစီယာကို ဆွဲချွတ်တာမျိုးတွေ လုပ်လာပြီး ရင်သားကို ထိကိုင်တာမျိုးတွေတောင်ရှိခဲ့ပါတယ်။ ဒီထက်ဆိုးတာက သူ့သူငယ်ချင်းယောင်္ကျားလေးတွေကိုပါ သူနဲ့အတူပါဝင်စေပြီး ကျွန်မရင်သားတွေကို ထိကိုင်စေခဲ့တာပါပဲ၊ အခုတော့ သူအောင်မြင်လာပြီးလူတွေရှေ့မှာ အပြစ်ကင်းသလိုပုံမျိုးလုပ်ပြနေတာဟာ ကျွန်မကို အကြီးအကျယ်စိတ်ထိခိုက်စေပါတယ်။” ဆိုပြီး ရင်ဖွင့်ပြောဆိုလာပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီး Daye ရဲ့ အေဂျင်စီ ကငြင်းဆိုထားပေမဲ့ နစ်နာသူမိန်းကလေးက ဒီကိစ္စဟာ အမှန်ဖြစ်ကြောင်း သူမအဖြစ်အပျက်တွေကို ပြည်သူတွေအနေနဲ့ နောင်လာနောက်သားတွေ ဒီလိုအနိုင်ကျင့်မခံရအောင် သတိထားသင့်ကြောင်းပြောကြားလာပါတယ်။
“အေဂျင်စီကနေ တစ်ဆင့်ပြန်လည်ငြင်းဆိုထားတာကို ငါတွေ့လိုက်ပါတယ်။ နင့်ကြောင့် ငါကြောက်ပြီး ကျောင်းမတက်နိုင်ခဲ့တုန်းက နင်ငါ့အိမ်ထိတောင် လိုက်လာခဲ့တာလေ။ ငါ့မောင်လေးကို တွန်းအားပေးပြီး ငါ့ကို ကျောင်းတက်စေခဲ့တာ၊ ကျောင်းရောက်တော့လဲ နင့်ရှေ့ဒူးထောက်ပြီး ခေါင်းကိုအရိုက်ခံခဲ့ရတာ ဒါတွေအကုန်လုံး နင့်ရဲ့ ပန်းရောင်ဖုန်းထဲမှာ ရိုက်ကူးထားခဲ့တာပဲ။ ပြီးတော့ ငါ့မောင်လေးက မြင်သွားခဲ့ပြီး အမေ့ကိုတိုင်ခဲ့လို့ အမေတောင် အကြီးအကျယ်စိတ်ဆိုးခဲ့သေးတယ်။ မမှတ်မိဘူးလို့ တော့ မပြောပါနဲ့၊ ဒီထက်ပို မှတ်မိသွားအောင် ငါအသေးစိတ်ပြန်ပြောပြရမလား” ဆိုပြီး အွန်လိုင်းမှာရေးသားခဲ့ပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းပြီးတောင်ကိုးရီးယားရှိ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို အနိုင်ကျင့်ခံရပြီး ဓားစာခံဖြစ်သွားမှာကို စိုးရိမ်လျက်ရှိနေပါတယ်။
(ပိုပိုလေး)