BEC-TERO TV

ကလေးမြန်မြန်အိပ်အောင် ဘီယာတိုက်တဲ့ ကလေးထိန်း (ရုပ်သံ)

28 May 2019     1,434 Views


လမ်းလျှောက်တတ်ကာစ ကလေးငယ်လေးကို နို့တိုက်ရမယ့်အစား ကလေးမြန်မြန်အိပ်အောင် သောက်လက်စ ဘီယာကိုတိုက်နေတဲ့ အမျိုးသမီးရဲ့ ရုပ်သံ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုတွေနဲ့ ဆူညံသွားခဲ့ပါတယ်။
 
ရုပ်သံမှာ အသက် ၂၀ ဝန်းကျင် ကလေးထိန်းတဲ့ အင်ဒိုနီးရှားအမျိုးသမီးက ကလေးကို လက်တစ်ဖက်က ချီထားရင်း သူသောက်နေတဲ့ ဘီယာဗူးကို ကလေးကို တိုက်နေတာတွေ့ရပါတယ်။  “သူများတွေကတော့ ကလေးဆိုရင် နို့ဗူးတိုက်တာပဲ ၊ ကျမကတော့ ဘီယာပဲတိုက်တယ်” လို့ ဆူဒန်ဘာသာစကားနဲ့ ရုပ်သံမှာ ပြောခဲ့ပါတယ်။
 
>>Read More နဲ့ စာဖြန့်ချပါ<<
 
အဲဒီနောက် ဘီယာဗူးကို ခုံပေါ်လှမ်းတင်လိုက်ပြီး ကလေးကို အောက်ချပေးလိုက်ပါတယ်။ ကလေး(မိန်းကလေး) က ခုံရှိရာကို လျှောက်လာပြီး သူ့ဟာသူ ဘီယာဗူးကို ဆွဲယူသောက်နေတာကို တွေ့ရပါတယ်။ အဲဒီအချိန် ကလေးနားမှာ အနည်းဆုံး အမျိုးသမီး ၃ ယောက်ရှိနေပြီး သူတို့ကလည်း ကလေး သူ့ဟာသူယူပြီး ဘီယာတွေ သောက်နေတာကို သဘောကျနေဟန်တူပါတယ်။
 
 
သတင်းတွေအရ သူတို့သောက်နေတဲ့ ဘီယာဟာ ဒေသထုတ် “Bintang’ တံဆိပ်ဖြစ်ကြောင်း သိရပါတယ်။ အဲဒီဗူးထဲမှာ တစ်ကယ်ဘီယာ ရှိ၊ မရှိဆိုတာ မကျိမ်းသေပါဘူး။ ဒါပေမယ့် ကလေးရဲ့ မိခင်ကတော့ သူ့ကလေး ဘီယာတွေ သောက်ခဲ့တာ သေချာကြောင်း ပြောဆိုခဲ့ပါတယ်။
 
အဲဒီနောက် ကလေးထိန်းအမျိုးသမီးကို အရှက်ရစေလိုတဲ့ ဆန္ဒနဲ့ ဒေါသထွက်ပြီး အဆိုပါရုပ်သံကို သူ့ရဲ့ ဖေ့စ်ဘွခ်မှာ တင်ထားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ အခြား မီဒီယာတစ်ခုက ရုပ်သံကို ကူးယူးပြီး ပြန်တင်ခဲ့ပါတယ်။
 
ကလေးထိန်းအမျိုးသမီးနဲ့ ကလေးရဲ့မိခင်တို့မှာ အိမ်နီးချင်း မိတ်ဆွေတွေဖြစ်ကြပြီး ယခုကိစ္စအတွက် ရဲတိုင်းကြားခြင်းရှိမရှိ ရှင်းလင်းစွာ မသိရပါ။ ရဲတိုင်မယ်ဆိုရင်တော့ ကလေးသူငယ် ညှင်းပမ်းတဲ့ ဥပဒေနဲ့ အရေးယူခံရမှာ သေချာပါတယ်။

 


28 May 2019     1,434 Views




RELATED

Most Popular of Special or Others

Most Popular of NEWS